ယောရှု 12:8Common Language Bibleဤဒေသများတွင်တောင်ကုန်းဒေသ၊ အနောက် ဘက်တောင်ခြေဒေသ၊ ယော်ဒန်မြစ်ဝှမ်းနှင့်အနီး ရှိတောင်ခြေဒေသ၊ အနောက်ဘက်တောင်စောင်း ဒေသနှင့်တောင်ဘက်ခြောက်သွေ့သောသဲကန္တာရ ဒေသများပါဝင်သည်။ ထိုဒေသများတွင်နေ ထိုင်သောလူမျိုးများမှာဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ဖြစ်ကြသည်။- အခန်းကိုကြည့်ပါ။ |
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့သိမ်းယူမည့်ပြည်သို့သင်တို့ကို ပို့ဆောင်လျက် ထိုပြည်တွင်နေထိုင်သောသင်တို့ ထက်လူဦးရေများ၍အင်အားကြီးသောဟိတ္တိ လူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါ နာနိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတည်းဟူသောလူမျိုးခုနစ် မျိုးတို့ကိုနှင်ထုတ်တော်မူလိမ့်မည်။-
ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။-
သင်တို့ချီတက်သောအခါဘုရားသခင် သည်ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဟိဝိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ အာမောရိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ကိုမုချနှင်ထုတ် တော်မူမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိုးရတော်မူသောထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သင်တို့ကိုရှေ့ ဆောင်၍ယော်ဒန်မြစ်ကိုဖြတ်ကူးသော အခါအသက်ရှင်တော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ သည်ကိုသင်တို့သိကြလိမ့်မည်။-
ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-