Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 12:7

Common Language Bible

ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ယော်​ဒန်​မြစ်​အ​နောက်​ဘက် လေ​ဗ​နုန် ချိုင့်​ဝှမ်း​ရှိ​ဗာ​လ​ဂဒ်​မြို့​မှ​တောင်​ဘက်​ဧ​ဒုံ ပြည်​အ​နီး​ဟာ​လက်​တောင်​အ​ထိ ကျယ်​ပြန့် သော​ဒေ​သ​တွင်​စိုး​စံ​သော​မင်း​အား​လုံး တို့​ကို​တိုက်​ခိုက်​အောင်​မြင်​ခဲ့​လေ​သည်။ ယော​ရှု​သည်​ဤ​ဒေ​သ​ကို​ဣ​သ​ရေ​လ အ​နွယ်​အ​သီး​သီး​တို့​အား​အ​မြဲ​ပိုင် ဆိုင်​ရန်​ခွဲ​ဝေ​ပေး​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဧ​ဒုံ​စိ​ရ​တောင်​များ​ပေါ်​တွင်​ဟော​ရိ​အ​မျိုး သား​များ​ကို​လည်း​ကောင်း တိုက်​ခိုက်​အောင်​မြင်​၍ တော​ကန္တာ​ရ​အ​စပ်​ရှိ​ဧ​လ​ပါ​ရန်​မြို့​အ​ထိ လိုက်​လံ​တိုက်​ခိုက်​လေ​သည်။-

ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-

ဧ​ဒုံ​အ​ရပ်​တွင်​မူ​လ​နေ​ထိုင်​သူ​တို့​သည်​ဟော​ရိ အ​မျိုး​သား​စိ​ရ​၏​သား​တို့​မှ​ဆင်း​သက်​လာ သော​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​သည်။ ထို​သား တို့​မှာ​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​ဖြစ်​ကြ​သည်။

သို့​ဖြစ်​၍​ဧ​သော​သည်​ဧ​ဒုံ​တောင်​တန်း​ဒေ​သ သို့​ပြောင်း​ရွှေ့​နေ​ထိုင်​လေ​သည်။

အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​မင်း၊ဗာ​ရှန်​ဘု​ရင် သြ​ဃ​မင်း​နှင့်​ခါ​နာန်​နိုင်​ငံ​မှ​ဘု​ရင်​အ​ပေါင်း တို့​ကို ကွပ်​မျက်​တော်​မူ​၏။

ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လှည့်​၍ အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​သို့​ဦး တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန်​သွား​ကြ​ပြီး လျှင် တောင်​ကုန်း​ဒေ​သ​ဖြစ်​သော​ဧ​ဒုံ​ပြည်​တွင် ကြာ​မြင့်​စွာ​လှည့်​လည်​နေ​ထိုင်​ရ​ကြ​၏။-

ထို့​နောက်​ကိုယ်​တော်​သည် ငါ​မှ​တစ်​ဆင့်​သင်​တို့ အား​ဆင့်​ဆို​သည်​မှာ`သင်​တို့​သည်​သင်​တို့​၏ ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော ဧ​သော​၏ အ​ဆက်​အ​နွယ်​များ​နေ​ထိုင်​ရာ​ဧဒုံ​ပြည်​ကို ဖြတ်​သန်း​သွား​ရ​တော့​မည်။ သူ​တို့​သည်​သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့ ၏​မြေ​တစ်​လက်​မ​ကို​မျှ​သင်​တို့​အား​ပေး မည်​မ​ဟုတ်​သော​ကြောင့်၊-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ယူ​သော နယ်​မြေ​သည်​တောင်​ဘက်​ဧ​ဒုံ​ပြည်​အ​နီး၊ ဟာ​လက်​တောင်​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​၏​တောင်​ဘက်​လေ​ဗ​နုန်​ချိုင့်​ဝှမ်း​ရှိ ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်​ကျယ်​ပြန့်​လေ​သည်။ ယော​ရှု​သည်​ထို​နယ်​မြေ​ကို​အုပ်​စိုး​သော မင်း​များ​နှင့်​ကြာ​မြင့်​စွာ​စစ်​တိုက်​ရ​သည်။ သို့​ရာ​တွင်​သူ​သည်​ထို​မင်း​အား​လုံး​တို့ ကို​လက်​ရ​ဖမ်း​ဆီး​ကွပ်​မျက်​ခဲ့​လေ​သည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည်​အ​တိုင်း ယော​ရှု​သည်​ထို​ပြည် တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး အား​ပိုင်​ဆိုင်​စေ​ရန်​ထို​ပြည်​ကို​ခွဲ​ဝေ​ပေး လေ​သည်။ ထို​နောက်​တစ်​ပြည်​လုံး​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​လေ​သ​တည်း။

လူ​အ​ပေါင်း​တို့​လျှောက်​၍​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​များ သည်​ခြောက်​သွေ့​သော​မြစ်​လယ်​တွင်​ရပ်​နေ ကြ​၏။

ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​တောင်​ကုန်း​ဒေ​သ၊ တောင်​ခြေ​ဒေ​သ၊ မြောက်​ဘက်​လေ​ဗ​နုန်​တောင် အ​ထိ​ရှည်​လျား​သော​မြေထဲ​ပင်​လယ်​ကမ်း​ရိုး တန်း​ဒေ​သ​တို့​တွင်​အုပ်​စိုး​သော​မင်း​အ​ပေါင်း တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​ပွဲ ခံ​သ​တင်း​ကို​ကြား​ကြ​၏။ ထို​မင်း​များ​မှာ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏ မင်း​များ​ဖြစ်​ကြ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ