Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 10:30

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​နှင့်​ထို​မြို့​၏ မင်း​ကို​လည်း ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​လက်​သို့​အပ်​တော်​မူ​၏။ သူ​တို့​သည်​မြို့ သူ​မြို့​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သတ် ဖြတ်​သုတ်​သင်​ခဲ့​လေ​သည်။ ယေ​ရိ​ခေါ​မင်း ကို​အ​ဆုံး​စီ​ရင်​ခဲ့​သ​ကဲ့​သို့​လိ​ဗ​နာ မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​ကြ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့ တွင်​နေ​ထိုင်​လျက်​ရှိ​သော အာ​ဟပ်​၏​ဆွေ မျိုး​များ၊ သူ​၏​မှူး​မတ်​များ၊ ရင်း​နှီး​သော မိတ်​ဆွေ​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ကို တစ်​ယောက်​မ​ကျန်​ကွပ်​မျက်​လေ​၏။

တိုင်း​ပြည်​ကို​သိမ်း​ပိုက်​ရ​မည်။ ထို​နောက်​သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​မျိုး​သား ချင်း​တို့​အ​တွက် တာ​ဝန်​ကျေ​ပွန်​ပြီ​ဖြစ်​၍ ဤ​အ​ရပ်​သို့​ပြန်​လာ​နိုင်​သည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘုရား​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​ရှိ ဤ​ပြည်​သည်​သင်​တို့​ဝေ​စု​ဖြစ် ကြောင်း​သိ​မှတ်​တော်​မူ​လိမ့်​မည်။-

သို့​ရာ​တွင်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ထို​မင်း​ကို​ငါ​တို့​၏​လက်​သို့​အပ် သ​ဖြင့် သူ​နှင့်​သူ​၏​သား​များ​နှင့်​တ​ကွ​စစ် သည်​ဗိုလ်​ပါ​အ​ပေါင်း​တို့​ကို သတ်​ဖြတ်​သုတ် သင်​ခဲ့​ကြ​၏။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို​သင်​တို့​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​ကို​သင်​တို့​တိုက်​ခိုက်​အောင်​မြင်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ပစ်​ရ မည်။ သူ​တို့​နှင့်​မိတ်​မ​ဖွဲ့​ရ။ သူ​တို့​အား​မ​ကြင် နာ​မ​သ​နား​ရ။-

ထို​နေ့​၌​ပင်​ယောရှု​သည်​မက္ကဒါ​မြို့​ကို​တိုက်​ခိုက် သိမ်း​ပိုက်​၍ မက္က​ဒါ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​ခဲ့ လေ​သည်။ မြို့​သူ​မြို့​သား​အား​လုံး​ကို​လည်း တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ယေ​ရိ​ခေါ​မင်း​ကို​အ​ဆုံး​စီ​ရင်​သ​ကဲ့ သို့​မက္ကဒါ​မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​သည်။-

ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် မက္က​ဒါ​မြို့​မှ​လိဗနာ​မြို့​သို့​ချီတက် တိုက်​ခိုက်​ကြ​သည်။-

ထို​နောက်​ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည် လိ​ဗ​နာ​မြို့​မှ လာ​ခိ​ရှ​မြို့​သို့​ချီ​တက်​၍ မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​လေ​သည်။-

ယော​ရှု​သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ တို့​စိုး​စံ​သော​မြို့​များ​ကို​တိုက်​ခိုက်​သိမ်း ပိုက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ မိန့်​မှာ​ခဲ့​သည်​အ​တိုင်း မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကို​တစ်​ယောက်​မ​ကျန်​သတ် ဖြတ်​သုတ်​သင်​လေ​သည်။-

ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ကွင်း​ပြင်​ဒေ​သ ၌ ရန်​သူ​များ​ကို​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​နောက် အာ​ဣ​မြို့​ထဲ​သို့​ပြန်​ဝင်​လာ​၍​ကျန် ရှိ​သူ​ရှိ​သ​မျှ​ကို​သုတ်​သင်​လိုက်​ကြ​လေ​သည်။-

အာ​ဣ​မင်း​ကို​လည်း​သစ်​ပင်​တွင်​လည်​ဆွဲ​ချ​၍ သတ်​ပြီး​လျှင် နေ​ဝင်​ချိန်​တိုင်​အောင်​အ​လောင်း ကို​ဆွဲ​ထား​လေ​၏။ နေ​ဝင်​ချိန်​၌​အ​လောင်း​ကို ဖြုတ်​ချ​၍​မြို့​တံ​ခါး​ဝ​တွင်​ပစ်​ထား​ရန် ယော​ရှု​အ​မိန့်​ပေး​၏။ ထို​နောက်​သူ​တို့​သည် အ​လောင်း​ပေါ်​တွင်​ကျောက်​တုံး​များ​ကို​ပုံ ထား​ကြ​သ​ဖြင့် ယ​နေ့​တိုင်​ထို​ကျောက်​ပုံ ကြီး​ကို​တွေ့​မြင်​နိုင်​လေ​သည်။

ဟိ​ဝိ​အ​မျိုး​သား​များ​ဖြစ်​သော​ဂိ​ဗောင်​မြို့ သား​တို့​သည် ယေ​ရိ​ခေါ​မြို့​နှင့် အာ​ဣ​မြို့​များ ကို​ယော​ရှု​မည်​ကဲ့​သို့​တိုက်​ခိုက်​အောင်​မြင်​ခဲ့ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ