Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 10:29

Common Language Bible

ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် မက္က​ဒါ​မြို့​မှ​လိဗနာ​မြို့​သို့​ချီတက် တိုက်​ခိုက်​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက်​ခွာ​ပြီး လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို​တိုက်​ခိုက် လျက်​ရှိ​ကြောင်း​ကို အာ​ရှု​ရိ​အ​ရာ​ရှိ​ကြား​သိ သော​အ​ခါ မင်း​ကြီး​နှင့်​ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ​သည်။-

ထို​အ​ခါ​မှ​အ​စ​ပြု​၍​ယ​ခု​တိုင်​ဧ​ဒုံ​ပြည် သည် ယု​ဒ​သြ​ဇာ​ခံ​မ​ဟုတ်​တော့​ဘဲ​လွတ်​လပ် သော​နိုင်​ငံ​ဖြစ်​လာ​လေ​သည်။ ထို​အ​ချိန်​ကာ​လ ၌​လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​၏။

ယ​ဟော​ရံ​သည်​မိ​မိ​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပယ်​တော်​မူ သ​ဖြင့် ဤ​အ​ချိန်​ကာ​လ​အ​တွင်း​၌​ပင် လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​သည်။-

ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက် ခွာ​ပြီး​လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို တိုက်​ခိုက်​လျက်​ရှိ​ကြောင်း​ကြား​သိ​သော အ​ခါ၊ အာ​ရှု​ရိ​ဗိုလ်​ချုပ်​သည်​မင်း​ကြီး​နှင့် ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ သည်။-

ဇေ​ဒ​ကိ​သည်​နန်း​တက်​စဉ်​အ​ခါ​က​အ​သက် နှစ်​ဆယ့်​တစ်​နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ် ဆယ့်​တစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။ သူ့​မယ် တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး ဟာ​မု​တ​လ​ဖြစ်​၏။-

ထို​နေ့​၌​ပင်​ယောရှု​သည်​မက္ကဒါ​မြို့​ကို​တိုက်​ခိုက် သိမ်း​ပိုက်​၍ မက္က​ဒါ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​ခဲ့ လေ​သည်။ မြို့​သူ​မြို့​သား​အား​လုံး​ကို​လည်း တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ယေ​ရိ​ခေါ​မင်း​ကို​အ​ဆုံး​စီ​ရင်​သ​ကဲ့ သို့​မက္ကဒါ​မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​သည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​နှင့်​ထို​မြို့​၏ မင်း​ကို​လည်း ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​လက်​သို့​အပ်​တော်​မူ​၏။ သူ​တို့​သည်​မြို့ သူ​မြို့​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သတ် ဖြတ်​သုတ်​သင်​ခဲ့​လေ​သည်။ ယေ​ရိ​ခေါ​မင်း ကို​အ​ဆုံး​စီ​ရင်​ခဲ့​သ​ကဲ့​သို့​လိ​ဗ​နာ မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​ကြ​သည်။

ထို့​အ​ပြင်​လိ​ဗ​န​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန်​မြို့၊- ယိ​ဖ​တ​မြို့၊ အာ​ရှ​နာ​မြို့၊ နေ​ဇိပ်​မြို့၊- ကိ​လ​မြို့၊ အော​ခ​ဇိပ်​မြို့​နှင့်​မ​ရေ​ရှ​မြို့​စ​သော​မြို့​ကြီး ကိုး​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ များ​လည်း​ပါ​ဝင်​လေ​သည်။

အာ​ရုန်​၏​သား​မြေး​တို့​အား​သတ်​မှတ်​ပေး သော​မြို့​များ​မှာ​ဟေ​ဗြုန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) အ​ပြင်​လိ​ဗ​န​မြို့၊-

သူ​တို့​သည်​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ယောကျာ်း၊ မိန်း​မ​အ​ကြီး​အ​ငယ်​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း​တို့​ကို​လည်း​ကောင်း၊ ဋ္ဌား​ဖြင့်​သတ် ဖြတ်​သုတ်​သင်​ကြ​၏။

သင်​သည်​ယေ​ရိ​ခေါ​မြို့​နှင့်​၎င်း​၏​မင်း​ကို သုတ်​သင်​ဖျက်​ဆီး​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့် ၎င်း​၏​မင်း​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ သို့​ရာ​တွင်​၎င်း​၏​ပစ္စည်း​များ​နှင့်​တိ​ရစ္ဆာန် များ​ကို​သင်​တို့​သိမ်း​ယူ​နိုင်​သည်။ မြို့​ကို အ​နောက်​ဘက်​မှ​ဝင်​စီး​ရန်​တပ်​ပုန်း​ချ ထား​လော့'' ဟု​မိန့်​တော်​မူ​၏။

အာ​ဣ​မင်း​ကို​လည်း​သစ်​ပင်​တွင်​လည်​ဆွဲ​ချ​၍ သတ်​ပြီး​လျှင် နေ​ဝင်​ချိန်​တိုင်​အောင်​အ​လောင်း ကို​ဆွဲ​ထား​လေ​၏။ နေ​ဝင်​ချိန်​၌​အ​လောင်း​ကို ဖြုတ်​ချ​၍​မြို့​တံ​ခါး​ဝ​တွင်​ပစ်​ထား​ရန် ယော​ရှု​အ​မိန့်​ပေး​၏။ ထို​နောက်​သူ​တို့​သည် အ​လောင်း​ပေါ်​တွင်​ကျောက်​တုံး​များ​ကို​ပုံ ထား​ကြ​သ​ဖြင့် ယ​နေ့​တိုင်​ထို​ကျောက်​ပုံ ကြီး​ကို​တွေ့​မြင်​နိုင်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ