ယောဘဝတ္တု။ 36:23Common Language Bibleကြွတော်မူရသောလမ်းကို အဘယ်သူ စီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်လူအချို့က``ငါတို့၏ဆိုးယုတ်မှု သည်ဘုရားသခင်၏ကောင်းမြတ်မှန်ကန်မှုကို ပိုမိုထင်ရှားစေသည်မဟုတ်ပါလော'' ဟု မေးကြလိမ့်မည်။ ငါတို့မည်သို့အဖြေပေး မည်နည်း။ ``ဘုရားသခင်သည်ငါတို့ကို ဒဏ်ခတ်တော်မူသည်မှာမတရား'' ဟုငါ တို့ဖြေဆိုကြမည်လော။ (ဤသို့ငါဆိုရာ ၌လူတို့ပြောဆိုလေ့ရှိသည့်အတိုင်းပြော လိုက်ခြင်းဖြစ်သည်။-)
ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-