ယောဘဝတ္တု။ 36:22Common Language Bibleဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။ အခန်းကိုကြည့်ပါ။ |
အရှင်သည်လူ့အသိုင်းအဝိုင်းထဲမှနှင် ထုတ်ခြင်းကိုခံရ၍ တောတိရစ္ဆာန်များနှင့် အတူနေရလိမ့်မည်။ နွားကဲ့သို့မြက်ကို စားလျက်ခုနစ်နှစ်တိုင်တိုင်ဆီးနှင်းများ ဖြင့်စိုစွတ်ကာ အမိုးအကာမရှိသည့် အရပ်တွင်အိပ်စက်ရလိမ့်မည်။ ထိုနောက် အမြင့်မြတ်ဆုံးသောဘုရားသခင်သည် လောကီနိုင်ငံများကိုအစိုးရတော်မူ၍ မိမိအလိုရှိသူမည်သူကိုမဆိုမင်း မြှောက်တော်မူနိုင်ကြောင်းကိုအရှင် ဝန်ခံပါလိမ့်မည်။-
သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။