ယောဘဝတ္တု။ 2:11Common Language Bibleထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှုအာ အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။
တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-