ယောဘဝတ္တု။ 2:10Common Language Bibleယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။ အခန်းကိုကြည့်ပါ။ |
ကျွန်မသည်လူပုံလယ်တွင်နောင်အဘယ်အခါ ၌မျှခေါင်းထောင်ရဲတော့မည်မဟုတ်ပါ။ သင်သည် လည်းဣသရေလအမျိုးသားတို့ရှေ့တွင်လုံးဝ အသရေပျက်သွားပါလိမ့်မည်။ ကျေးဇူးပြု၍ မင်းကြီးအားလျှောက်ထားပါလော့။ ထိုသို့ လျှောက်ထားပါလျှင်မင်းကြီးသည်ကျွန်မ အား သင်နှင့်မပေးစားဘဲနေတော်မူမည်မ ဟုတ်ကြောင်းကိုကျွန်မသိပါ၏'' ဟုဆို၏။-
အကျွန်ုပ်ခမည်းတော်၏အိမ်ထောင်စုသား အပေါင်းတို့သည် အရှင်၏လက်တွင်ကွပ်မျက် ခြင်းကိုခံထိုက်သူများဖြစ်ပါ၏။ သို့သော် လည်းအရှင်သည်အကျွန်ုပ်အားအရှင့်စား တော်ပွဲတွင်စားသောက်ခွင့်ကိုပေးတော်မူ ပါ၏။ အရှင်မင်းကြီးထံမှအဘယ်အရာ ကိုမျှထပ်မံအသနားခံရန်မရှိတော့ ပါ'' ဟုလျှောက်လေ၏။