Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယာ​ကုပ် 4:13

Common Language Bible

``ယ​နေ့​သို့​မ​ဟုတ်​နက်​ဖြန်​နေ့​၌​ဤ​မည်​သော မြို့​သို့​ငါ​တို့​သွား​၍​တစ်​နှစ်​မျှ​နေ​ကြ​ကုန်​အံ့။ ထို​မြို့​တွင်​ကုန်​သွယ်​၍​ငွေ​အ​မြောက်​အ​မြား​ရှာ ကြ​ကုန်​အံ့'' ဟု​သင်​တို့​အ​ချို့​ပြော​ဆို​လေ့​ရှိ ကြ​၏။ သို့​ရာ​တွင်​ငါ​ပြော​သည်​ကို​နား​ထောင် ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​တည်​ဆောက်​ခြင်း​သည်​အ​စ​မျှ​သာ ဖြစ်​သည်။ နောင်​တွင်​သူ​တို့​စိတ်​ကူး​သ​မျှ​ကို ပြု​လုပ်​နိုင်​ကြ​တော့​မည်။ ယ​ခု​ပင်​ငါ​တို့​သည် ဆင်း​သက်​၍ သူ​တို့​အ​ချင်း​ချင်း​နား​မ​လည် စေ​ခြင်း​ငှာ သူ​တို့​၏​ဘာ​သာ​စ​ကား​ကို​ကွဲ ပြား​ရှုပ်​ထွေး​စေ​အံ့'' ဟု​မိန့်​တော်​မူ​၏။-

နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။

တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။

ယဇ်​ပု​ရော​ဟိတ်​နှင့်​ပြည်​သူ၊ ကျွန်​နှင့်​သ​ခင်၊ ဝယ်​သူ​နှင့်​ရောင်း​သူ၊ ချေး​သူ​နှင့်​ငှား​သူ၊ ချမ်း သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ရှိ​ရှိ​သ​မျှ​သော​လူ တို့​သည်​ကံ​ကြမ္မာ​တစ်​မျိုး​တစ်​စား​တည်း နှင့်​ကြုံ​တွေ့​ရ​ကြ​လိမ့်​မည်။-

``ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ဤ​သို့​ပြု​မည်။ ယင်း​၏​ခြံ​စည်း​ရိုး​ကို​ဖယ်​ရှား​ပစ်​ပြီး​လျှင် အုတ်​ရိုး​ကို​လည်း​ဖြို​ချ​ကာ​တော​တိ​ရစ္ဆာန် များ​အား​စား​သောက်​နင်း​ချေ​စေ​မည်။-

အ​ချိန်​ကျ​ပြီ။ ရောင်း​ဝယ်​ဖောက်​ကား​မှု​များ ပြု​လုပ်​၍​မ​ဖြစ်​သည့်​နေ့​ရက်​ကာ​လ​နီး​ကပ် လာ​လေ​ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​သည်​လူ​တိုင်း​အ​ပေါ် သို့​သက်​ရောက်​မည်​ဖြစ်​သော​ကြောင့်​တည်း။-

ငို​ကြွေး​သူ​များ​သည်​ဝမ်း​မ​နည်း​သ​ကဲ့​သို့ လည်း​ကောင်း၊ ရယ်​မော​သူ​များ​သည်​ဝမ်း​မ​မြောက် သ​ကဲ့​သို့​လည်း​ကောင်း​နေ​အပ်​၏။ ဥစ္စာ​ပစ္စည်း ဝယ်​ယူ​သူ​များ​သည်​ထို​ဥစ္စာ​ပစ္စည်း​ကို​မ​ပိုင် သ​ကဲ့​သို့​နေ​အပ်​၏။-

ချမ်း​သာ​ကြွယ်​ဝ​သူ​တို့၊ ငါ့​စ​ကား​ကို​နား​ထောင် ကြ​လော့။ သင်​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ