ယာကုပ် 4:12Common Language Bibleဘုရားသခင်တစ်ပါးတည်းသာလျှင်ပညတ် တရားတော်ကိုပေး၍စစ်ကြောစီရင်ပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင်ကယ်တင်ရန်သော်လည်းကောင်း၊ ဖျက် ဆီးရန်သော်လည်းကောင်းတတ်နိုင်တော်မူ၏။ သင်သည်အဘယ်သူဖြစ်၍မိမိ၏အိမ်နီး ချင်းကိုစစ်ကြောစီရင်ရသနည်း။ အခန်းကိုကြည့်ပါ။ |
ထိုလှေသင်္ဘောများ၏ရွက်တိုင်နှင့်ကြိုးတို့ သည်ပြုတ်လျက် ရွက်များသည်လည်းဖြန့်၍ မရပါတကား။ ရန်သူတပ်မှဥစ္စာပစ္စည်း များကိုလုယူကြလိမ့်မည်။ ထိုပစ္စည်းဥစ္စာ တို့မှာမြောက်မြားလှသည်ဖြစ်၍ ခြေမစွမ်း သူများပင်လျှင်မိမိတို့ဝေစုကိုရရှိကြ လိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင် ပင်လျှင် ငါတို့၏ဘုရင်ဖြစ်တော်မူလိမ့် မည်။ ကိုယ်တော်သည်ငါတို့ကိုအုပ်စိုး၍ ကွယ်ကာတော်မူလိမ့်မည်။-
သင်သည်အဘယ်သူဖြစ်၍သူတစ်ပါး၏ အစေခံကိုစစ်ကြောစီရင်နိုင်သနည်း။ ထို အစေခံ၏အလုပ်သည်ကျေနပ်ဖွယ်ဖြစ်သည် မဖြစ်သည်ကိုသူ၏သခင်ကဆုံးဖြတ်လိမ့် မည်။ သူ၏အလုပ်ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သခင်ဘုရားသည် သူ့အားကူမတော်မူနိုင်သောကြောင့်တည်း။
သို့ဖြစ်၍မိတ်ဆွေ၊ သင်သည်သူတစ်ပါးအား အပြစ်စီရင်ပါသလော။ သင်သည်မည်သူဖြစ် စေကာမူသူတစ်ပါးအားအပြစ်စီရင်နိုင် သောအခြေအနေတွင်မရှိ။ သင်သည်သူတစ် ပါးကဲ့သို့အပြစ်ကူးလွန်သူဖြစ်လျက် နှင့် သူတစ်ပါးအားအပြစ်စီရင်လျှင်မိမိ ကိုယ်တိုင်အားလည်းအပြစ်စီရင်ရာရောက် ၏။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။