Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 9:4

Common Language Bible

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​တွေး​တော​ပုံ​ကို​သိ မြင်​တော်​မူ​သ​ဖြင့် ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​မှား​ယွင်း​စွာ​တွေး​တော​နေ​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။

ဧ​ကန်​မု​ချ​ကိုယ်​တော်​ရှင်​သိ​တော်​မူ​မည်​သာ ဖြစ်​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် လူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို သိ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ဂေါ​ဂ​အား``ထို အ​ချိန်​ကျ​ရောက်​သော​အ​ခါ​သင်​သည် ဆိုး​ညစ်​သော​အ​ကြံ​အ​စည်​တစ်​ခု​ကို ပြု​လိမ့်​မည်။-

ထို​သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``နိုင်​ငံ​တစ်​ခု​တွင်​လူ​တို့​သည် စိတ်​ဝမ်း​ကွဲ​ပြား​လျက် အချင်း​ချင်း​တိုက်​ခိုက်​နေ​လျှင် ထို​နိုင်​ငံ​သည်​မ​ကြာ​မီ​ပျက်​စီး​လိမ့်​မည်။ ထို​နည်း တူ​လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​မြို့ သို့​မ​ဟုတ်​အိမ်​ထောင်​သည်​မ​ရပ်​မ​တည်​နိုင်​ရာ။-

ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​ငါ့​အား​အ​ဘယ်​ကြောင့် အ​ပြစ်​ရှာ​လို​ကြ​သ​နည်း။ ဒင်္ဂါး​တစ်​ပြား​ကို​ငါ ကြည့်​ဖို့​ယူ​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​သည်​ကို ချက်​ချင်း​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့ သည်​အ​ဘယ်​ကြောင့်​ဤ​သို့​တွေး​တော​နေ​ကြ သ​နည်း။-

ကိုယ်​တော်​သည်​ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို သိ​တော်​မူ​သ​ဖြင့် ``တိုင်း​နိုင်​ငံ​တစ်​ခု​တွင်​လူ တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​လျှင် ထို​နိုင်​ငံ​သည် မ​ကြာ​မီ​ပျက်​စီး​မည်​သာ​ဖြစ်​၏။ အိမ်​ထောင်​တစ် ခု​တွင်​အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား လျက်​နေ​လျှင် ထို​အိမ်​ထောင်​သည်​ပျက်​စီး မည်​သာ​ဖြစ်​၏။-

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​ကြ​သည်​ကို​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့​သည် အ​ဘယ်​ကြောင့်​တွေး​တော​နေ​ကြ​သ​နည်း။-

ကိုယ်​တော်​သည်​ထို​သူ​တို့​၏​စိတ်​အ​ကြံ​အ​စည် ကို​သိ​တော်​မူ​သော​ကြောင့် လက်​သေ​သူ​အား ``နေ​ရာ မှ​ထ​ပြီး​ရှေ့​သို့​လာ​၍​ရပ်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​နေ​ရာ​မှ​ထ​ပြီး​ရှေ့​သို့​သွား​၍​ရပ်​၏။-

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က​ထို​သူ​အား ``ရှိ​မုန်၊ သင့်​အား​ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​၏'' ဟု​မိန့် တော်​မူ​၏။ ရှိ​မုန်​က ``ဆ​ရာ​တော်၊အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ထို​သူ​တို့​လျှောက် ထား​မေး​မြန်း​လို​ကြောင်း​သိ​တော်​မူ​သ​ဖြင့် ``သင် တို့​အ​ချင်း​ချင်း​အ​ဘယ်​အ​ကြောင်း​ကို​မေး​မြန်း ပြော​ဆို​လျက်​နေ​ကြ​သ​နည်း။ `အ​ချိန်​အ​နည်း ငယ်​ကြာ​လျှင်​သင်​တို့​ငါ့​ကို​တွေ့​မြင်​ကြ​တော့ မည်​မ​ဟုတ်' ဟူ​၍​လည်း​ကောင်း၊ ထို​နောက် `အ​ချိန် အ​နည်း​ငယ်​ကြာ​ပြန်​သော်​ငါ့​ကို​ပြန်​၍​တွေ့ မြင်​ကြ​လိမ့်​မည်' ဟူ​၍​လည်း​ကောင်း​ငါ​ပြော သော​စ​ကား​များ​နှင့်​ပတ်​သက်​၍​လော။-

ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သိ တော်​မူ​ကြောင်း ယ​ခု​အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မေး​လျှောက်​ရန် မ​လို​တော့​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​ထံ​တော်​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် ဖြစ်​သည် ကို​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။

တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။-

ဤ​သို့​တ​ပည့်​တော်​တို့​သည်​ညည်း​တွား​နေ​ကြ သည်​ကို သ​ခင်​ယေ​ရှု​သည်​အ​လို​အ​လျောက်​သိ တော်​မူ​သ​ဖြင့် ``ဤ​စ​ကား​ကြောင့်​သင်​တို့​စိတ် ပျက်​ကြ​သ​လော။-

သို့​သော်​လည်း​သင်​တို့​အ​နက်​အ​ချို့​သော​သူ တို့​သည်​မ​ယုံ​ကြည်​ကြ'' ဟု​မိန့်​တော်​မူ​၏။ (မည် သူ​တို့​မ​ယုံ​ကြည်​ကြ​သည်​ကို​လည်း​ကောင်း၊ မည်​သူ​သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​နှံ​မည်​ကို​လည်း​ကောင်း သ​ခင်​ယေ​ရှု​သည် အ​စ​က​တည်း​က​ပင်​သိ​တော်​မူ​ပြီး​ဖြစ်​၏။)-

ပေ​တ​ရု​က ``သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော် ကို​သွေး​တိုး​စမ်း​ရန် အ​ဘယ်​ကြောင့်​သင်​တို့ သ​ဘော​တူ​ကြံ​စည်​ကြ​သ​နည်း။ ကြည့်​လော့။ သင်​၏​ခင်​ပွန်း​ကို​သင်္ဂြိုဟ်​ခဲ့​သူ​တို့​သည် ယ​ခု တံ​ခါး​ဝ​သို့​ပြန်​ရောက်​ပြီ။ သူ​တို့​သည်​သင့် ကို​လည်း​ဆောင်​ယူ​သွား​ကြ​လတ္တံ့' ဟု​ဆို​၏။-

သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ