ကျမ်းတတ်ဆရာအချို့တို့က ``ဤသူသည် ဘုရားသခင်ကိုပြစ်မှားပြောဆိုလေပြီ'' ဟု အချင်းချင်းပြောဆိုကြ၏။
သူ့အားသေဒဏ်စီရင်ရမည်ဟူ၍ဣသရေလ အမျိုးသားတို့အားပြောရမည်။ ဣသရေလ အမျိုးသားဖြစ်စေ၊ ဣသရေလနိုင်ငံတွင်နေ ထိုင်သောလူမျိုးခြားဖြစ်စေ၊ ထာဝရဘုရား ကိုကျိန်ဆဲလျှင်ဣသရေလတစ်မျိုးသား လုံးက ထိုသူကိုခဲဖြင့်ပစ်သတ်ရမည်။
တိုင်းရင်းဖွားဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေတမင်သက်သက်အပြစ် ပြုမိလျှင်မူကား ထိုသူသည်ထာဝရဘုရား အားမထီမဲ့မြင်ပြုခြင်းဖြစ်သောကြောင့် သူ့ကိုသေဒဏ်စီရင်ရမည်။-
ထိုအခါယဇ်ပုရောဟိတ်မင်းသည်မိမိ၏အဝတ် ကိုဆွဲဆုတ်ပြီးလျှင် ``ထိုသူသည်ဘုရားသခင်ကို ပြစ်မှားပြောဆိုချေပြီ။ ငါတို့သက်သေများထပ်၍ မလိုတော့ပြီ။ ဘုရားသခင်အားသူပြစ်မှားပြော ဆိုသည်ကိုသင်တို့ယခုကြားရကြပြီ။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည်ကျမ်းတတ် ဆရာတို့ကဲ့သို့မဟုတ်ဘဲ အာဏာရှိကဲ့သို့ဟော ပြောသွန်သင်တော်မူသောကြောင့်ဖြစ်သည်။
ဘုရားသခင်အားထိုသူပြစ်မှားပြောဆိုသည် ကိုသင်တို့ကြားရကြပြီ။ သင်တို့မည်သို့စီရင် ချက်ချမှတ်ကြမည်နည်း'' ဟုဆို၏။ ထိုသူအားလုံးတို့က ``ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးထိုက်သည်'' ဟုစီရင်ချက်ချမှတ် ကြ၏။-
``အမှန်အကန်သင်တို့အားငါဆိုသည်ကားလူ တို့သည် မိမိတို့လွန်ကူးသောအပြစ်ရှိသမျှ အတွက်လည်းကောင်း၊ ဘုရားသခင်ကိုပြစ်မှား သောစကားဟူသမျှအတွက်လည်းကောင်း အပြစ် လွတ်ငြိမ်းနိုင်ခွင့်ရှိသည်။-
သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှား သောသူမူကား အပြစ်လွတ်ငြိမ်းခွင့်ရနိုင်လိမ့်မည် မဟုတ်။ သူသည်ထာဝရအပြစ်ကိုကူးသူဖြစ်၏'' ဟုမိန့်တော်မူ၏။-
လူအတွင်းရှိစိတ်နှလုံးထဲမှညစ်ညမ်းသော အကြံအစည်များထွက်လာ၏။ ကာမဂုဏ် လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လူ့အသက် ကိုသတ်ခြင်း၊-
ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများက ``ဤ သူကားအဘယ်သူနည်း။ သူသည်ဘုရားသခင် အားပြစ်မှားပြောဆိုပါသည်တကား။ ဘုရား သခင်မှတစ်ပါးအဘယ်သူသည်အပြစ်ကို ဖြေလွှတ်နိုင်ပါမည်နည်း'' ဟုတွေးတောကြ၏။