Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 9:16

Common Language Bible

မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို​ဖာ လေ့​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ရာ​ပြဲ​ရာ​ပို​၍​ဆိုး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သွား​နှင့်​ပါ။ ကျွန်​တော်​တိ​ရစ္ဆာန်​များ၊ က​လေး​များ​နှင့်​ခ​ရီး​တွင်​နိုင်​သ​မျှ​ဖြင့်​အစ် ကို​ရှိ​ရာ​ဧ​ဒုံ​ပြည်​သို့​ရောက်​အောင်​တ​ဖြည်း ဖြည်း​လိုက်​ခဲ့​ပါ​မည်'' ဟု​ဆို​၏။

သူ​ယုတ်​မာ​တို့​သည်​ဖြောင့်​မတ်​သော​သူ​တို့​၏ ပြည်​ကို အ​စဉ်​အ​မြဲ​အုပ်​စိုး​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​ယင်း​သို့​အုပ်​စိုး​ရ​ကြ​ပါ​မူ၊ ဖြောင့်​မတ်​သော​သူ​တို့​ကိုယ်​တိုင်​ပင်​လျှင် မ​ကောင်း​မှု​ကို​ပြု​ကောင်း​ပြု​ကြ​ပေ​လိမ့်​မည်။

ကိုယ်​တော်​သည်​သိုး​ထိန်း​ကဲ့​သို့​မိ​မိ​၏​လူ​မျိုး တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​ငယ်​များ​ကို​စု​သိမ်း​၍ လက်​ဖြင့်​ချီ​ပွေ့​ကာ သူ​တို့​၏​မိ​ခင်​များ​ကို​ဖြည်း​ညှင်း​စွာ​လမ်း​ပြ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည်​သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​ဝမ်း​နည်း​ပူ​ဆွေး​ကြ​ပါ​မည်​လော။ သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို​ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။

ထို့​အ​ပြင်​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​ဟောင်း တွင်​ထည့်​လေ့​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​သား​ရေ​ဘူး​သည် ပေါက်​ပြဲ​၍​စ​ပျစ်​ရည်​ယို​ထွက်​ကုန်​လိမ့်​မည်။ သား ရေ​ဘူး​လည်း​ပျက်​စီး​သွား​လိမ့်​မည်။ သို့​ဖြစ်​၍ စ​ပျစ်​ရည်​နှင့်​သား​ရေ​ဘူး​ပါ​မ​ပျက်​မ​စီး​ဘဲ ရှိ​စေ​ရန်​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​သစ်​တွင် သာ​ထည့်​ရ​၏'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။

``မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို ဖာ​ရိုး​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ပြဲ​ရာ​ပို​၍​ဆိုး​ပေ​မည်။-

ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​လျက် ``မည်​သူ​မျှ အ​ထည်​သစ်​မှ​အ​စ​တစ်​စ​ကို​ဆုတ်​၍​အ​ထည် ဟောင်း​ကို​ဖာ​ရိုး​မ​ရှိ။ ယင်း​သို့​ဖာ​ခဲ့​ပါ​မူ အ​ထည်​သစ်​ပျက်​စီး​သွား​သည်​သာ​မ​က၊ အ​စ​သစ်​နှင့်​အ​ထည်​ဟောင်း​တို့​အ​ဆင် အ​သွေး​မ​တူ​ဘဲ​ရှိ​လိမ့်​မည်။-

``သင်​တို့​အား​ငါ​ပြော​စ​ရာ​များ​ရှိ​သေး သော်​လည်း​ယ​ခု​သင်​တို့​ခံ​ယူ​နိုင်​ကြ​မည် မ​ဟုတ်။-

ယ​ခု​တွင်​ပါ​ရ​မီ​သုံး​ပါး​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း၊ မျှော်​လင့်​ခြင်း၊ ချစ်​ခြင်း​တည် လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင်​ချစ်​ခြင်း မေတ္တာ​သည်​အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။

သင်​တို့​သည်​ဤ​ကောင်း​မှု​အား​ဖြင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​အား​ချို့​တဲ့​နေ​စဉ်​ကူ​ညီ မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သံ​ကို​လည်း​တ​ခဲ​နက်​ထွက် ပေါ်​လာ​စေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ