Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 9:15

Common Language Bible

သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည်​သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​ဝမ်း​နည်း​ပူ​ဆွေး​ကြ​ပါ​မည်​လော။ သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို​ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​စဉ်​အ​ခါ​က​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ငို​ကြွေး​၍၊ ဝမ်းနည်း​သည့် အ​မှတ်​လက္ခ​ဏာ​ပြ​ရန်​နှင့်​ခေါင်း​တုံး​ရိတ်​၍ လျှော်​တေ​ကို​ဝတ်​ရန်​စေ​ခိုင်း​တော်​မူ​ခဲ့​၏။-

ထို​အ​ခါ​ယော​ဟန်​၏​တ​ပည့်​များ​သည်​ကိုယ်​တော် ၏​ထံ​သို့​လာ​ရောက်​လျက် ``အ​ကျွန်ုပ်​တို့​နှင့်​ဖာ​ရိ​ရှဲ တို့​သည်​မ​ကြာ​ခ​ဏ​အ​စာ​ရှောင်​ကြ​ပါ​၏။ သို့ ရာ​တွင်​အ​ရှင်​၏​တ​ပည့်​များ​မူ​ကား​အ​ဘယ် ကြောင့်​အ​စာ​မ​ရှောင်​ကြ​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။

မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို​ဖာ လေ့​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ရာ​ပြဲ​ရာ​ပို​၍​ဆိုး​မည်။-

သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည် သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​အ​စာ​ရှောင်​နိုင်​ပါ​မည်​လော။ သ​တို့ သား​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည် အ​စာ​မ​ရှောင်​နိုင်​ကြ​ရာ။-

သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​သော အ​ခါ သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။

ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​တွေ့ မြင်​လို​သော​လူ​သား​၏​နေ့​တစ်​ရက်​ရောက်​ပေ​အံ့။ သို့​ရာ​တွင်​သင်​တို့​တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-

ကိုယ်​တော်​က ``မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​သ​တို့​သား ရှိ​နေ​သည့်​ကာ​လ​ဧည့်​သည်​များ​အား​အ​စာ ရှောင်​ခိုင်း​နိုင်​ပါ​မည်​လော။-

သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​သူ​တို့ ထံ​မှ​ဆောင်​ယူ​သွား​မည့်​နေ့​ရက်​ကာ​လ​ရောက် ရှိ​လာ​ပေ​အံ့။ ထို​အ​ခါ​၌​သူ​တို့​သည်​အ​စာ ရှောင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ​ပြော​ကြား သ​ဖြင့် သင်​တို့​သည်​စိတ်​ညှိုး​ငယ်​လျက်​ရှိ ကြ​၏။-

မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သိမ်း​ပိုက်​ရ သူ​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သား​ဖြစ်​၏။ သ​တို့ သား​၏​မိတ်​ဆွေ​သည်​ကား​အ​ဆင်​သင့်​စောင့် ဆိုင်း​ကာ သ​တို့​သား​၏​အ​သံ​ကို​နား​ထောင် လျက်​နေ​၏။ သူ​သည်​သ​တို့​သား​၏​အ​သံ​ကို ကြား​သော် လွန်​စွာ​အား​ရ​ဝမ်း​မြောက်​သ​ကဲ့ သို့ ငါ​သည်​လည်း​အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​ရ လေ​ပြီ။-

ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​အ​သင်း​တော်​တိုင်း ၌ အ​သင်း​တော်​လူ​ကြီး​များ​ကို​ခန့်​ထား​ကြ​၏။ ထို​နောက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​အ​စာ​ရှောင် ပြီး​လျှင် အ​သင်း​တော်​ဝင်​တို့​ယုံ​ကြည်​ကြ သည့်​သ​ခင်​ဘု​ရား​၏​လက်​တော်​သို့​ထို​သူ တို့​ကို​အပ်​ကြ​၏။-

သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​အ​တွက်​အ​ချိန် ပေး​ရန် ကြို​တင်​သ​ဘော​တူ​ညီ​ချက်​အ​ရ​ခေတ္တ ဆိုင်း​ငံ့​ခြင်း​မှ​တစ်​ပါး မိ​မိ​တို့​၏​လင်​မ​ယား ဝတ်​များ​ကို​မ​ပျက်​မ​ကွက်​ကြ​စေ​နှင့်။ ဆု​တောင်း ပတ္ထ​နာ​ပြု​ချိန်​ကုန်​ဆုံး​သော​အ​ခါ​၌​မူ ပြန် လည်​ပေါင်း​သင်း​၍​နေ​ကြ​လော့။ သို့​မှ​သာ​လျှင် မိ​မိ​တို့​၏​စိတ်​ကို​ချုပ်​တည်း​နိုင်​လျက် စာ​တန် သွေး​ဆောင်​ခြင်း​ကို​ခံ​နိုင်​ကြ​လိမ့်​မည်။

အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။-

ထို​နောက်​ကောင်း​ကင်​တ​မန်​က``သိုး​သူ​ငယ်​တော် ၏​ထိမ်း​မြား​မင်္ဂ​လာ​ပွဲ​သို့​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​သူ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏​ဟု​ရေး​မှတ်​ထား​လော့'' ဟူ​၍​လည်း​ကောင်း``ဤ​စ​ကား​သည်​ဘု​ရား​သ​ခင် ၏​နှုတ်​တော်​ထွက်​စ​ကား​ပင်​ဖြစ်​၏'' ဟူ​၍​လည်း ကောင်း​ငါ့​အား​မြွက်​ဆို​၏။

ဘု​ရား​သ​ခင်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ သန့်​ရှင်း​မြင့်​မြတ်​သော​မြို့​ကြီး​ဖြစ်​သည့်​ယေ​ရု ရှ​လင်​မြို့​သစ်​သည် သ​တို့​သား​အ​တွက်​အ​ဝတ် တန်​ဆာ​ဆင်​ယင်​ထား​သည့်​သ​တို့​သ​မီး​ကဲ့​သို့ ပြင်​ဆင်​လျက်​သက်​ဆင်း​လာ​သည်​ကို​ငါ​မြင် ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ