မဿဲ 8:26Common Language Bibleကိုယ်တော်က ``ယုံကြည်မှုနည်းသူတို့၊ သင်တို့ အဘယ်ကြောင့်ကြောက်လန့်သနည်း'' ဟုမိန့်တော် မူပြီးနောက် အိပ်စက်ရာမှထတော်မူ၍လေနှင့် လှိုင်းများကိုဆုံးမတော်မူ၏။ လေနှင့်လှိုင်းတို့ သည်ငြိမ်သက်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်ပင်လယ်ကိုအမိန့်ပေးတော်မူ သောအခါပင်လယ်ရေသည်ခန်းခြောက်၍ သွား၏။ ကိုယ်တော်သည်မြစ်တို့ကိုလည်း ရေကုန်ခန်းစေတော်မူ၏။ ဗာရှန်တောင်သည်ညှိုးနွမ်းခြောက်သွေ့ကာ ကရမေလတောင်သည်အညိုရောင်သန်း၍ သွား၏။ လေဗနုန်တောင်မှပန်းများသည်လည်း ညှိုးနွမ်းကြကုန်၏။
ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။-