Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 8:25

Common Language Bible

တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​နှိုး​၍ ``အ​ရှင်၊ ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သေ​ဆုံး​ရ​ကြ​ပါ တော့​မည်'' ဟု​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အင်​အား​ကြီး မား​သော​တပ်​ကို​ကူ​မ​တော်​မူ​နိုင်​သည့်​နည်း တူ အင်​အား​နည်း​သော​တပ်​ကို​လည်း​ကူ​မ​တော် မူ​နိုင်​ပါ​၏။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို အား​ကိုး​လျက်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဤ ကြီး​မား​လှ​သော​တပ်​မ​တော်​ကို​တိုက်​ခိုက် ရန်​ထွက်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​အား​အ​ဘယ် သူ​မျှ​မ​နှိမ်​နင်း​နိုင်​ပါ'' ဟု​ပတ္ထနာ​ပြု​တော် မူ​၏။

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​တော်​မူ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​ယ​ခု​တိုက်​ခိုက်​ရန်​ရောက် ရှိ​လာ​သော​တပ်​မ​တော်​ကြီး​၏​ရှေ့​တွင်​ခို​ကိုး​ရာ မဲ့​ဖြစ်​လျက်​နေ​ကြ​ပါ​၏။ အ​ဘယ်​သို့​ပြု​ရ​မည် ကို​အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သို့​ရာ​တွင်​ကူ​မ တော်​မူ​ရန်​အ​ထံ​တော်​သို့​မျှော်​ကြည့်​ကြ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော် မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​အ​ဝေး​၌ နေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​ချိန်​၌​အ​ဘယ် ကြောင့် မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​ပါ​သ​နည်း။

ထို​အ​ခါ​သင်္ဘော​သူ​ကြီး​သည် သူ့​ထံ​လာ​ပြီး​သူ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​အိပ်​နေ​ပါ​သ​နည်း။ ထ​လော့၊ သင်​၏​ဘု​ရား​ထံ​တွင် ငါ​တို့​ကို​ကယ်​တင်​ရန်​ဆု​တောင်း​လော့။ ထို​အ​ရှင်​သည်​ငါ​တို့​အား​သ​နား​၍​ငါ​တို့​ကို​ကယ်​တင်​ကောင်း​ကယ်​တင်​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။

ထို​အ​ခါ​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ် ယောက်​သည်​ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက် ဒူး​ထောက်​လျက် ``အ​ရှင်၊ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ကျွန်ုပ်​အား ဤ​ရော​ဂါ​မှ​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​ထား​တောင်း​ပန်​၏။

အိုင်​ထဲ​တွင်​ရုတ်​တ​ရက်​လေ​မုန်​တိုင်း​ကျ​လာ​သ​ဖြင့် လှေ​သည်​လှိုင်း​တံ​ပိုး​များ​ထဲ​တွင်​နစ်​လု​မ​တတ် ရှိ​တော့​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ကား​အိပ်​စက် လျက်​နေ​တော်​မူ​၏။-

သ​ခင်​ယေ​ရှု​ဤ​သို့​မိန့်​မြွက်​လျက်​နေ​တော်​မူ စဉ် တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​၏။ ထို​သူ​က ``အ​ကျွန်ုပ်​၏​သ​မီး​သည်​ယ​ခု​ပင်​သေ​ဆုံး​သွား ပါ​သည်။ သို့​ရာ​တွင်​အ​ရှင်​ကြွ​တော်​မူ​၍​သူ့ အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ​လျှင် သူ သည်​အ​သက်​ရှင်​လာ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​တောင်း​ပန်​၏။

သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ