Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 8:16

Common Language Bible

ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​လူ​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည် နတ်​မိစ္ဆာ​တို့​ကို​အ​မိန့်​ပေး​၍​နှင်​ထုတ်​တော်​မူ​၏။ ရော​ဂါ​သည်​အ​ပေါင်း​ကို​လည်း​ကျန်း​မာ​စေ တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ​၏ စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​နာ​ခံ​၍​ငါ နှစ်​သက်​သော​အ​ကျင့်​ကို​ကျင့်​ပြီး ပ​ညတ် သ​မျှ​တို့​ကို​လိုက်​နာ​လျှင်၊ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​အ​ပေါ်​တွင်​ကျ​ရောက်​စေ သော​ရော​ဂါ​မျိုး​များ​ကို သင်​တို့​အ​ပေါ်​တွင် မည်​သည့်​အ​ခါ​မျှ​ကျ​ရောက်​စေ​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​၏​ရော​ဂါ​ကို​ပျောက်​ကင်း စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သ​ဖြင့်​မျက်​စိ​မ​မြင်၊ ဆွံ့​အ နေ​သူ​လူ​တစ်​ယောက်​ကို လူ​အ​ချို့​တို့​သည်​အ​ထံ တော်​သို့​ခေါ်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​ကို နှင်​ထုတ်​တော်​မူ​သ​ဖြင့် ထို​သူ​သည်​မျက်​စိ​မြင် လာ​ပြီး​လျှင်​စ​ကား​ပြော​လေ​၏။-

ကိုယ်​တော်​သည်​လှေ​ပေါ်​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​ကို​သ​နား တော်​မူ​သ​ဖြင့်​ဖျား​နာ​သူ​များ​ကို​ကျန်း​မာ​စေ တော်​မူ​၏။

ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​၏​လက်​ကို​တို့​ထိ တော်​မူ​လျှင် သူ​မ​သည်​အ​ဖျား​ပျောက်​သွား​သ​ဖြင့် ထ​၍​ကိုယ်​တော်​အား​ဧည့်​သည်​ဝတ်​ပြု​လေ​၏။

ဝက်​ထိန်း​များ​သည်​မြို့​သို့​ထွက်​ပြေး​ပြီး​နောက် နတ်​မိစ္ဆာ​ပူး​ဝင်​သူ​လူ​နှစ်​ယောက်​အ​ကြောင်း​နှင့် မိ​မိ တို့​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ ကို​ပြော​ကြား​ကြ​၏။-

ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ခါ​လူ​လေး​ယောက်​တို့​သည်​လေ​ဖြတ်​သူ တစ်​ဦး​ကို ထမ်း​စင်​ဖြင့်​အ​ထံ​တော်​သို့​ယူ​ဆောင် လာ​ကြ​၏။-

ယင်း​သို့​ဟစ်​အော်​ရ​သည့်​အ​ကြောင်း​မှာ သ​ခင် ယေ​ရှု​က ``ညစ်​ညမ်း​သော​နတ်၊ ဤ​လူ​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး​လိုက်​သော​ကြောင့် ဖြစ်​၏။

အ​ထံ​တော်​သို့​လူ​ပ​ရိ​သတ်​များ​ပြေး​လာ​ကြ သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ``ဆွံ့​အ​နား​ပင်း သော​နတ်၊ သူ​ငယ်​ထံ​မှ​ထွက်​လော့။ အ​ဘယ်​အ​ခါ​မျှ ပြန်​၍​မ​ပူး​မ​ဝင်​နှင့်၊ ငါ​အ​မိန့်​ရှိ​သည်'' ဟု​ညစ် ညမ်း​သော​နတ်​အား​မိန့်​တော်​မူ​၏။-

သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင် သော​အ​ခါ အ​ထံ​တော်​သို့​ခေါ်​တော်​မူ​လျက် ``အ​ချင်း​အ​မျိုး​သ​မီး​သင့်​ရော​ဂါ​ပျောက် ပြီ'' ဟု​မိန့်​တော်​မူ​၏။-

နေ​ဝင်​ချိန်​၌​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​ပေါင်း​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့ ကြ​၏။ ကိုယ်​တော်​သည်​ထို​လူ​နာ​အ​သီး​သီး တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​သူ​တို့​၏ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။-

နတ်​မိစ္ဆာ​များ​သည် ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​၏'' ဟု​ဟစ်​အော်​လျက်​မိ​မိ​တို့ ပူး​ဝင်​နေ​သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​များ​ထို​သို့​ဟစ်​အော် သည်​ကို​ဟန့်​တား​တော်​မူ​ပြီး​လျှင် သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ကိုယ်​တော်​မေ​ရှိ​ယ​ဖြစ် ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ဖြစ်​သည်။

လူ​တို့​သည်​သူ​နာ​များ​ကို​ယူ​ဆောင်​လာ​ကြ ၏။ ပေ​တ​ရု​လျှောက်​လာ​သော​အ​ခါ​ယုတ်​စွ အ​ဆုံး၊ အ​ချို့​သော​သူ​နာ​တို့​အ​ပေါ်​သို့ ပေ​တ​ရု​၏​အ​ရိပ်​လွှမ်း​မိ​စေ​ရန်​အိပ်​ရာ များ၊ ထမ်း​စင်​များ​ဖြင့်​သူ​နာ​များ​ကို​လမ်း ပေါ်​တွင်​ချ​ထား​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ