Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 8:15

Common Language Bible

ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​၏​လက်​ကို​တို့​ထိ တော်​မူ​လျှင် သူ​မ​သည်​အ​ဖျား​ပျောက်​သွား​သ​ဖြင့် ထ​၍​ကိုယ်​တော်​အား​ဧည့်​သည်​ဝတ်​ပြု​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ခါ​တစ်​ပါး​၌​လူ​သေ​တစ်​လောင်း​ကို​သင်္ဂြိုဟ် မည်​ပြု​နေ​စဉ် လူ​တို့​သည်​မော​ဘ​တပ်​တစ်​တပ် ကို​မြင်​သ​ဖြင့် အ​လောင်း​ကို​ဧ​လိ​ရှဲ​၏​သ​င်္ချိုင်း တွင်း​သို့​ပစ်​ချ​ပြီး​လျှင်​ထွက်​ပြေး​ကြ​၏။ ထို အ​လောင်း​သည်​ဧ​လိ​ရှဲ​၏​အ​ရိုး​များ​နှင့်​ထိ မိ​သည်​နှင့်​တစ်​ပြိုင်​နက် အ​သက်​ပြန်​ဝင်​လာ ပြီး​လျှင်​မတ်​တပ်​ရပ်​လေ​၏။

သူ​သည်​ငါ့​နှုတ်​ခမ်း​ကို​မီး​ခဲ​နှင့်​တို့​ပြီး​လျှင် ``သင်​၏​နှုတ်​ခမ်း​သည်​ဤ​မီး​ခဲ​နှင့်​တို့​ထိ​ရ​ပြီး​ဖြစ်​သ​ဖြင့်​သင့်​မှာ​အ​ပြစ်​မ​ရှိ​တော့။ သင်​သည်​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​၍​သွား​ပေ​ပြီ'' ဟု​ဆို​၏။

ထို​နောက်​ဖျား​နာ​သူ​တို့​အား​ကိုယ်​တော်​၏​အ​ဝတ် တော်​အ​မြိတ်​ကို​မျှ​တို့​ထိ​နိုင်​ခွင့်​ပြု​ရန်​တောင်း​ပန် ကြ​၏။ ဤ​သို့​တို့​ထိ​ရ​သူ​အ​ပေါင်း​တို့​သည်​လည်း ကျန်း​မာ​သွား​ကြ​၏။

သ​ခင်​ယေ​ရှု​သည်​သူ​တို့​ကို​သ​နား​တော်​မူ​သ​ဖြင့် သူ​တို့​၏​မျက်​စိ​ကို​လက်​တော်​ဖြင့်​တို့​ထိ​တော်​မူ​၏။ သူ​တို့​သည်​မျက်​စိ​အ​လင်း​ကို​ချက်​ချင်း​ပြန်​လည် ရ​ရှိ​၍​နောက်​တော်​သို့​လိုက်​ကြ​၏။

သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​အိမ်​သို့​ကြွ​တော်​မူ သော​အ​ခါ​ပေ​တ​ရု​၏​ယောက္ခ​မ​မိန်း​မ​သူ​သည် ဖျား​၍​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​နေ​သည်​ကို မြင်​တော်​မူ​၏။-

ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​လူ​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည် နတ်​မိစ္ဆာ​တို့​ကို​အ​မိန့်​ပေး​၍​နှင်​ထုတ်​တော်​မူ​၏။ ရော​ဂါ​သည်​အ​ပေါင်း​ကို​လည်း​ကျန်း​မာ​စေ တော်​မူ​၏။-

သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ``ငါ​အ​လို ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ထို​သူ ကို​တို့​တော်​မူ​၏။ ချက်​ချင်း​ထို​သူ​သည်​အ​ရေ ပြား​ရော​ဂါ​မှ​သန့်​စင်​၍​သွား​လေ​သည်။-

တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ကပ် နေ​သော​အ​မျိုး​သ​မီး​တစ်​ယောက်​သည် ကိုယ်​တော် ၏​နောက်​သို့​ချဉ်း​ကပ်​ပြီး​လျှင်၊-

ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​ယုံ​ကြည်​သည့် အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​လျက်​သူ​တို့​၏ မျက်​စိ​များ​ကို​လက်​ဖြင့်​တို့​ထိ​တော်​မူ​၏။-

ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တ​ရား​ဇ​ရပ်​မှ​ထွက်​ခွာ​၍ ရှိ​မုန်​နှင့်​အန္ဒြေ​၏​အိမ်​သို့ ကြွ​တော်​မူ​၏။ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​လည်း လိုက်​ပါ​သွား​ကြ​၏။

ကိုယ်​တော်​သည်​သ​နား​တော်​မူ​သ​ဖြင့် လက်​တော်​ကို ဆန့်​၍​ထို​သူ့​ကို​တို့​ထိ​တော်​မူ​၏။ ``ငါ​အ​လို​ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​၏။-

ကိုယ်​တော်​သည်​သူ​ငယ်​မ​၏​လက်​ကို​ဆုပ်​ကိုင် ကာ ``က​လေး​မ၊ ထ​လော့'' ဟု​မိန့်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ