ထိုအခါပိလတ်မင်းက ``သင့်အားထိုသူတို့သည် မည်မျှပြစ်တင်စွပ်စွဲလျက်ရှိကြသည်ကိုသင် သည်မကြားပါသလော'' ဟုဆို၏။
ယဇ်ပုရောဟိတ်မင်းသည်နေရာမှထ၍ ``သင့်အား ထိုသူတို့မည်သို့စွပ်စွဲထွက်ဆိုကြပါသနည်း။ သင့်မှာမည်သို့မျှဖြေကြားစရာမရှိပါသလော'' ဟုကိုယ်တော်အားမေး၏။-
သို့ရာတွင်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာ ရေးခေါင်းဆောင်များပြစ်တင်စွပ်စွဲချက်များကို ကိုယ်တော်သည်မည်သို့မျှဖြေကြားတော်မမူ။
သို့ရာတွင်ကိုယ်တော်သည်စကားတစ်ခွန်းကိုမျှ ပြန်လည်မိန့်ကြားတော်မမူ။ သို့ဖြစ်၍ဘုရင်ခံ မင်းသည်လွန်စွာအံ့သြလေ၏။
ပိလတ်မင်းက ``သင်သည်ငါ့ကိုယုဒအမျိုး သားတစ်ယောက်ဟုထင်မှတ်ပါသလော။ သင့် ကိုငါ့ထံသို့ပို့အပ်လာသူများကားသင်၏ အမျိုးသားများနှင့်သူတို့၏ယဇ်ပုရောဟိတ် ကြီးများပင်ဖြစ်၏။ သင်သည်အဘယ်အမှု ကိုပြုမိပါသနည်း'' ဟုမေး၏။
ထိုအခါရောမတပ်မှူးသည်ပေါလုကိုတပ် စခန်းရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်နှင့် အဘယ်ကြောင့်ဤသို့လူတို့ဆူပူဟစ်အော်ရ ကြောင်းကိုပေါလုအားရိုက်၍စစ်ဆေးရန် အမိန့်ပေး၏။-