Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 27:12

Common Language Bible

သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​ပြစ်​တင်​စွပ်​စွဲ​ချက်​များ​ကို ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

``သူ​သည်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ခံ​ရ​သော်​လည်း သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။ သတ်​ရန်​ယူ​ဆောင်​သွား​သည့်​သိုး​သ​ငယ် ကဲ့​သို့​လည်း​ကောင်း၊ အ​မွေး​ညှပ်​ခံ​ရ​အံ့​ဆဲ​ဆဲ​ဖြစ်​သော သိုး​ကဲ့​သို့​လည်း​ကောင်း၊ သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။

သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​မေ​ရှိ​ယ​လော။ ငါ့​အား​ဖြေ ကြား​လော့။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​တိုင်​တည်​၍​သင့်​အား​ငါ​မေး​၏'' ဟု ဆို​၏။

ထို​အ​ခါ​ပိ​လတ်​မင်း​က ``သင့်​အား​ထို​သူ​တို့​သည် မည်​မျှ​ပြစ်​တင်​စွပ်​စွဲ​လျက်​ရှိ​ကြ​သည်​ကို​သင် သည်​မ​ကြား​ပါ​သ​လော'' ဟု​ဆို​၏။

သို့​ရာ​တွင်​ကိုယ်​တော်​သည်​စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​လည်​မိန့်​ကြား​တော်​မ​မူ။ သို့​ဖြစ်​၍​ဘု​ရင်​ခံ မင်း​သည်​လွန်​စွာ​အံ့​သြ​လေ​၏။

ဟေ​ရုဒ်​မင်း​သည်​ကိုယ်​တော်​အား​မေး​ခွန်း​များ စွာ​မေး​သော်​လည်း ကိုယ်​တော်​က​ဖြေ​ကြား​တော် မ​မူ။-

ထို​သူ​ဖတ်​လျက်​နေ​သည့်​ကျမ်း​ချက်​ကား၊ ``သတ်​ရန်​ဆွဲ​ယူ​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​လည်း​ဆောင်​ယူ​သွား​ကြ​၏။ အ​မွှေး​ညှပ်​သူ​တို့​၏​ရှေ့​တွင်​သိုး​သား​ငယ်​သည် နှုတ်​ကို​ပိတ်​ထား​သ​ကဲ့​သို့၊သူ​သည် မိ​မိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။

မိ​မိ​အား​ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​တုံ့​ပြန် ပုတ်​ခတ်​ပြော​ဆို​မှု​ပြု​တော်​မ​မူ။ ဝေ​ဒ​နာ​ခံ တော်​မူ​ရ​သော​အ​ခါ​ခြိမ်း​ခြောက်​တော်​မ​မူ​ဘဲ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​လက်​တော်​သို့​မိ​မိ​၏​အ​မှု​ကို​အပ် တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ