ထကြ။ ငါတို့သွားကြကုန်အံ့။ ငါ့ကိုရန်သူ့လက် သို့အပ်မည့်သူရောက်လာပြီ'' ဟုမိန့်တော်မူ၏။
ထိုနောက်တပည့်တော်တို့ထံသို့ပြန်လာ၍ ``သင် တို့သည်အိပ်လျက်နားလျက်ပင်ရှိနေကြသေး သလော။ လူသားကိုဆိုးယုတ်သူများလက်သို့ အပ်နှံသည့်အချိန်ရောက်လာပြီ။-
ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်၌ပင်လျှင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သူယုဒသည်တုတ်၊ ဋ္ဌားကိုင်ဆောင်သူလူအမြောက်အမြားနှင့်အတူ ရောက်ရှိလာလေသည်။ ထိုသူတို့သည်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ ကစေလွှတ်လိုက်သူများဖြစ်၏။-
လာကြ။ ငါတို့သွားကြကုန်အံ့။ ငါ့အားရန်သူ့ လက်သို့အပ်မည့်သူသည်ရောက်လာပြီ'' ဟု မိန့်တော်မူ၏။
ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။-
ကိုယ်တော်က ``ငါသည်အသေမခံရမီဤ ပသခါပွဲညစာကိုသင်တို့နှင့်အတူစား ရန်အလွန်အလိုရှိ၏။-
``သို့ရာတွင်သတိပြုကြလော့။ ငါ့ကိုရန်သူ့ လက်သို့အပ်မည့်သူသည်ငါနှင့်အတူစားပွဲ မှာရှိ၏။-
ကောင်းကင်ဘုံသို့တက်ကြွရန်အချိန်နီးလာ သောအခါ ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ကြွတော်မူရန်စိတ်ပိုင်းဖြတ်လျက်-
သို့ရာတွင်ငါသည်ခမည်းတော်ကိုချစ်ကြောင်း ကမ္ဘာကသိရန်လိုပေသည်။ သို့ဖြစ်၍ငါသည် ခမည်းတော်ငါ့အားမိန့်မှာတော်မူသမျှကို ငါလိုက်နာဆောင်ရွက်၏။ ထ၍ဤနေရာမှသွားကြကုန်အံ့'' ဟု မိန့်တော်မူ၏။
ပေတရုသည်လှည့်၍ကြည့်လိုက်သောအခါ သူ၏နောက်တွင်သခင်ယေရှုချစ်တော်မူသော တပည့်တော်ကိုမြင်လေ၏။ ထိုသူကားညစာ စားကြစဉ်အခါကသခင်ယေရှု၏ရင်တော် ကိုမှီလျက် ``သခင်၊ ကိုယ်တော်အားရန်သူ့လက်သို့ အပ်မည့်သူကားအဘယ်သူဖြစ်သနည်း'' ဟု မေးလျှောက်ခဲ့သူဖြစ်၏။-
ထိုအခါပေါလုက ``သင်တို့သည်အဘယ်ကြောင့် ဤသို့ငိုယိုကာ ငါ၏စိတ်နှလုံးကိုကြေကွဲစေ ကြပါသနည်း။ ငါသည်သခင်ယေရှု၏နာမ တော်အတွက် ယေရုရှလင်မြို့တွင်အချည်နှောင် ခံရန်သာမကအသေခံရန်ပင်အသင့်ရှိပါ သည်'' ဟုပြန်ပြော၏။
ဂေါလျတ်သည် ဒါဝိဒ်ရှိရာသို့တစ်ဖန်ချဉ်းကပ် လာ၏။ ဒါဝိဒ်သည်သူနှင့်စစ်ထိုးရန်ဖိလိတ္တိ တပ်ဦးသို့အလျင်အမြန်ပြေး၍၊-