Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 26:45

Common Language Bible

ထို​နောက်​တ​ပည့်​တော်​တို့​ထံ​သို့​ပြန်​လာ​၍ ``သင် တို့​သည်​အိပ်​လျက်​နား​လျက်​ပင်​ရှိ​နေ​ကြ​သေး သ​လော။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက်​သို့ အပ်​နှံ​သည့်​အ​ချိန်​ရောက်​လာ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မွန်း​တည့်​ချိန်​၌​ဧ​လိ​ယ​သည်​သူ​တို့​အား``သင် တို့​သည်​ပို​၍​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ကြ လော့။ ဗာ​လ​ကား​ဘု​ရား​ပေ​တည်း။ သူ​သည်​ဆင် ခြင်​စဉ်​စား​လျက်​သော်​လည်း​ကောင်း၊ တ​ပို​တ​ပါး သွား​လျက်​သော်​လည်း​ကောင်း၊ ခ​ရီး​လွန်​၍​သော် လည်း​ကောင်း​နေ​ပေ​မည်။ ထို​သို့​မ​ဟုတ်​လျှင်​လည်း အိပ်​လျက်​နေ​ကောင်း​နေ​မည်​ဖြစ်​၍​သူ့​အား နှိုး​ရ​ကြ​မည်'' ဟု​ပြက်​ရယ်​ပြု​၍​ဆို​၏။-

အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။

ကိုယ်​တော်​က ``မြို့​ထဲ​သို့​ဝင်​၍​ဤ​မည်​သော​သူ​ထံ သို့​သွား​၍​ဆ​ရာ​တော်​က `ငါ့​အ​တွက်​သတ်​မှတ် ထား​သည့်​အ​ချိန်​ရောက်​လာ​ပြီ​ဖြစ်​၍​ငါ့​တ​ပည့် များ​နှင့်​အ​တူ​သင်​၏​အိမ်​တွင်​ပ​သ​ခါ​ပွဲ​ကို ကျင်း​ပ​လို​သည်' ဟု​မှာ​ကြား​လိုက်​ကြောင်း​ပြော ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

``နောက်​နှစ်​ရက်​မျှ​ကြာ​လျှင်​ပ​သ​ခါ​ပွဲ​ကျ​ရောက် မည်​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ခါ​လူ​သား​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​ရန်​ရန်​သူ့ လက်​သို့​အပ်​ကြ​လိမ့်​မည်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။

ကိုယ်​တော်​သည်​သူ​တို့​ထံ​မှ​တစ်​ဖန်​ကြွ​သွား တော်​မူ​ပြီး​လျှင်​ယ​ခင်​က​မြွက်​ဆို​သည် အ​တိုင်း​တတိယ​အ​ကြိမ်​ဆု​တောင်း​တော်​မူ​၏။-

ထ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​ကို​ရန်​သူ့​လက် သို့​အပ်​မည့်​သူ​ရောက်​လာ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍ မြေ​ပေါ် တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​တတ်​နိုင် တော်​မူ​ပါ​၏။ ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ် ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော်​၏​အ​လို တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ'' ဟူ​၍​မိ​မိ ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လွှဲ​ဖယ်​ရန်​ဖြစ်​နိုင်​ပါ က လွှဲ​ဖယ်​ပေး​တော်​မူ​ပါ​မည့်​အ​ကြောင်း​ဆု တောင်း​တော်​မူ​၏။

ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​မှာ​ရှိ​စဉ်​သင် တို့​သည်​အ​ဘယ်​ကြောင့်​မ​ဖမ်း​ဆီး​ကြ​သ​နည်း။ သို့​ရာ​တွင်​ဤ​အ​ချိန်​ကား​သင်​တို့​၏​အ​ချိန်၊ အ​မိုက်​မှောင်​စိုး​မိုး​ရာ​အ​ချိန်​တည်း'' ဟု မိန့်​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``လူ​သား​ဘုန်း​အ​သ​ရေ​ပွင့် မည့်​အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။-

``ငါ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ ငါ​အ​ဘယ် သို့​မြွက်​ဆို​ရ​အံ့​နည်း။ `အို ခ​မည်း​တော်၊ အ​ကျွန်ုပ် အား​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ရောက်​ချိန်​နှင့်​ကင်း​လွတ် စေ​တော်​မူ​ပါ' ဟု​မြွက်​ဆို​ရ​မည်​လော။ သို့​ရာ တွင်​ငါ​သည်​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခံ​ဖို့​ရန်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။-

အ​ခါ​ကား​ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ​တစ်​ရက် ဖြစ်​၏။ သ​ခင်​ယေ​ရှု​သည်​ဤ​လော​က​မှ​ထွက် ခွာ​၍ ခ​မည်း​တော်​ထံ​သို့​ကြွ​တော်​မူ​ရ​မည့် အ​ချိန်​ကျ​ရောက်​လာ​ကြောင်း​ကို​သိ​တော်​မူ ၏။ ကိုယ်​တော်​သည်​ဤ​လော​က​ရှိ​မိ​မိ​၏​တပည့် သား​ရင်း​များ​ကို​အ​စဉ်​ပင်​ချစ်​တော်​မူ​၏။ သူ​တို့​အား​ဆုံး​ခန်း​တိုင်​အောင်​ချစ်​တော် မူ​ပေ​သည်။

ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ``အို အ​ဖ၊ အ​ချိန် ကျ​ပါ​ပြီ။ သား​တော်​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​နိုင်​ရန် သား တော်​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​ပါ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ