မဿဲ 23:38Common Language Bibleထို့ကြောင့်သင်၏ဗိမာန်တော်ကိုဘုရားသခင် သည်စွန့်ပစ်တော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
ထာဝရဘုရားက``ငါသည်လူမျိုးတကာ ကိုလုံးဝဖျက်ဆီးခဲ့လေပြီ။ သူတို့၏မြို့ များကိုသုတ်သင်ဖျက်ဆီး၍မြို့တံတိုင်း များ၊ ရဲတိုက်များကိုလည်းယိုယွင်းပျက် စီးစေလေပြီ။ မြို့တို့သည်လူသူဆိတ်ငြိမ် လျက်လမ်းတို့သည်လည်းဟာလာဟင်း လင်းဖြစ်လျက်နေကြ၏။ လူတစ်ဦး တစ်ယောက်မျှမရှိကြတော့ပေ။-
(ထာဝရဘုရားက၊``ငါသည်ကမ္ဘာမြေကြီး ပေါ်တွင်အဘယ်သူ့ကိုမျှသနားတော့မည် မဟုတ်ပါ။ ငါကိုယ်တိုင်ပင်လူအပေါင်းတို့ ကို သူတို့၏ဘုရင်များ၏လက်သို့ပေးအပ် မည်။ ထိုဘုရင်တို့သည်ကမ္ဘာမြေကြီးကို ပျက်ပြုန်းစေကြမည်ဖြစ်သော်လည်း ငါ သည်ကယ်တင်ပေးလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။)