Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 23:37

Common Language Bible

``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော် မူ​သော​စေ​တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​ကြီး​သည်​ကြက်​က​လေး​များ​ကို​မိ​မိ ၏​အ​တောင်​အောက်​တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင့်​ကို​ယု​ယ​ပိုက်​ထွေး​နိုင်​ရန်​ကြိမ် ဖန်​များ​စွာ​ကြိုး​စား​ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​သင် သည်​ငါ့​ကို​အ​ခွင့်​မ​ပေး​ခဲ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

46 ပူးပေါင်းရင်းမြစ်များ  

``သို့​ရာ​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ပုန်​ကန်​ကာ​ကိုယ်​တော်​၏​စ​ကား​ကို နား​မ​ထောင်​ကြ​ပါ။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တ​ရား​တော်​ကို ပစ်​ပယ်​ကြ​ပါ​၏။ မိ​မိ​တို့​အား​သ​တိ​ပေး​သူ၊ မိ​မိ​တို့​အား ကိုယ်​တော်​ထံ​ပြန်​လာ​ရန် ပြော​ကြား​သူ​ပ​ရော​ဖက်​များ​အား သတ်​ဖြတ်​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​အား​အ​ကြိမ်​ကြိမ် စော်​ကား​ကြ​ပါ​၏။

ကိုယ်​တော်​၏​မျက်​ဆန်​တော်​ကဲ့​သို့​ကျွန်​တော်​မျိုး​ကို စောင့်​ရှောက်​တော်​မူ​ပါ။ သူ​ယုတ်​မာ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကျွန်​တော်​မျိုး​ကို ကိုယ်​တော်​၏​အ​တောင်​တော်​ရိပ်​အောက်​၌ ဖုံး​အုပ်​တော်​မူ​ပါ။ အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​သော​ရန်​သူ​များ သည် ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​လျက်​နေ​ကြ​ပါ​၏။

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် လွန်​စွာ​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​အ​တောင် တော်​ရိပ် အောက်​တွင်​ဘေး​မဲ့​လုံ​ခြုံ​ခွင့်​ရ​ရှိ​ကြ​ပါ​၏။

ကျွန်​တော်​မျိုး​သည်​ခို​လှုံ​ရန်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ သ​နား​တော်​မူ​ပါ။ မိုး​သက်​မုန်​တိုင်း​လွန်​သွား​သည်​အ​ထိ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​တောင်​တော်​အ​ရိပ်​တွင်​ခို​လှုံ​ပါ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​ကူ​မ တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​တောင်​တော်​အ​ရိပ်​အောက်​၌​ခို​လှုံ​လျက် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ပါ​၏။

ကိုယ်​တော်​သည်​မိ​မိ​၏​အ​တောင်​တော်​ဖြင့် သင့်​ကို​ဖုံး​အုပ်​တော်​မူ​လိမ့်​မည်။ သင်​သည်​ကိုယ်​တော်​၏​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း​ကို ခံ​ရ​၍​ဘေး​မဲ့​လုံ​ခြုံ​လျက်​နေ​လိမ့်​မည်။ ကိုယ်​တော်​၏​သစ္စာ​တော်​သည်​သင့်​ကို​စောင့်​ထိန်း ကွယ်​ကာ​ရာ​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။

ထို​ဥ​ယျာဉ်​ကို​ပြု​စု​ရာ​တွင်​ငါ့​မှာ​အ​ဘယ် လစ်​ဟင်း​မှု​ရှိ​ပါ​သ​နည်း။ သို့​ပါ​လျက်​စ​ပျစ် ပင်​များ​သည် အ​ဘယ်​ကြောင့်​ငါ​မျှော်​လင့်​သည့် အ​တိုင်း​စ​ပျစ်​သီး​ကောင်း​များ​အ​စား​စ​ပျစ် သီး​ချဉ်​များ​ကို​သီး​ရ​ပါ​သ​နည်း။

``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊ အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။ မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။

``ငါ​သည်​သင်​တို့​ကို​ဆုံး​မ​ပါ​သော်​လည်း အ​ကျိုး​မ​ရှိ။ သင်​တို့​သည်​ပဲ့​ပြင်​သွန်​သင်​မှု​ကို လက်​မ​ခံ​လို​ကြ။ အ​မျက်​ပြင်း​စွာ​ထွက်​သည့် ခြင်္သေ့​သ​ဖွယ် သင်​တို့​သည်​မိ​မိ​တို့​ပ​ရော​ဖက် များ​ကို​သတ်​ဖြတ်​ကြ​လေ​ပြီ။-

သူ​တို့​သည်​ဥ​ရိ​ယ​အား​အီ​ဂျစ်​ပြည်​မှ ယော​ယ​ကိမ်​မင်း​ထံ​သို့​ပြန်​လည်​ခေါ်​ဆောင် လာ​လေ​လျှင် မင်း​ကြီး​သည်​သူ့​ကို​သတ်​၍ ပြည်​သူ​တို့​၏​သင်္ချိုင်း​တွင်​ပစ်​ထား​စေ​၏။)

ဤ​မြို့​ကို​တည်​ထောင်​သည့်​နေ့​မှ​အ​စ​ပြု​၍ မြို့​သူ​မြို့​သား​တို့​သည် ငါ​၏​အ​မျက်​တော် ကို​ပြင်း​ထန်​စွာ​လှုံ့​ဆော်​ခဲ့​ကြ​၏။-

ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို သင်​တို့​ထံ​သို့​အ​ဖန်​ဖန်​အ​ထပ်​ထပ်​စေ​လွှတ် ခဲ့​၏။ သူ​တို့​က​လည်း​သင်​တို့​အား​မိ​မိ​တို့ အ​ကျင့်​ဆိုး​များ​ကို​စွန့်​ပစ်​၍ ဖြောင့်​မှန်​ရာ ကို​ပြု​ကျင့်​ကြ​ရန်​ပြော​ကြား​ခဲ့​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​တို့​အား​ငါ​ပေး အပ်​ခဲ့​သည့်​ပြည်​တော်​တွင် ဆက်​လက်​နေ​ထိုင် နိုင်​ကြ​မည့်​အ​ကြောင်း​အ​ခြား​ဘု​ရား​များ ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ကြ​ရန်​သင်​တို့​အား သ​တိ​ပေး​ခဲ့​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​သည် ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ။ ငါ့​အား လည်း​ပ​မာ​ဏ​မ​ပြု​ကြ။-

ထို​နောက်​သူ​သည်​အာ​ဇ​ရေ​လ​၏​သား၊ စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​၏​သား​ရှေ​လ​မိ​တို့​နှင့်​အ​တူ သား​တော်​ယေ​ရ​မေ​လ​အား ငါ​နှင့်​ငါ​၏​စာ ရေး​ဗာ​ရုတ်​ကို​ဖမ်း​ဆီး​ရန်​အ​မိန့်​ပေး​လေ သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ တို့​နှစ်​ယောက်​အား​ဝှက်​ထား​တော်​မူ​၏။

အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ချမ်း​သာ​ရာ​ရ စေ​ရန် မိ​မိ​စိတ်​နှ​လုံး​ကို​ဆိုး​ညစ်​မှု​နှင့်​ကင်း စင်​စေ​လော့။ သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဆက်​လက်​၍​ဆိုး​ညစ်​စွာ​ကြံ​စည်​လျက်​နေ ဦး​မည်​နည်း။

ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို သင်​တို့​ထံ​သို့ အ​ဖန်​ဖန်​အ​ထပ်​ထပ်​စေ​လွှတ် ခဲ့​၏။ သူ​တို့​က​လည်း​သင်​တို့​အား​ငါ​မုန်း ထား​စက်​ဆုပ်​သည့်​အ​မှု​ကို​မ​ပြု​ရန်​ပြော ကြား​ခဲ့​ကြ​၏။-

အို ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​ဤ အ​မှု​အ​ရာ​များ​မှ​သင်​ခန်း​စာ​ယူ​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ငါ​သည်​သင်​တို့​အား​အ​စဉ် စွန့်​ပစ်​မည်။ သင်​တို့​မြို့​ကို​လူ​သူ​ကင်း​မဲ့​ရာ သွေ့​ခြောက်​သော​ဒေ​သ​အ​ဖြစ်​သို့​ငါ​ပြောင်း လဲ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​သော်​ငါ​သည်​သူ့​ကို​ခေါ်​လေ​လေ​သူ​သည် ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လေ​လေ​ပင်​ဖြစ်​သည်။ ငါ​၏​လူ​မျိုး​တော်​သည်​ဗာ​လ​ဘု​ရား​ထံ ယဇ်​ပူ​ဇော်​၍​ရုပ်​တု​များ​အား​နံ့​သာ​ပေါင်း ကို မီး​ရှို့​ပူ​ဇော်​ကြ​၏။

သူ​တို့​သည်​ငါ့​ထံ​မှ​ရှောင်​ဖယ်​လျက်​သွား​မြဲ သွား​ကြ​၏။ သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး​ကြောင့် ညည်း​တွား​အော်​ဟစ်​သော်​လည်း​မည်​သူ​က မျှ​ထို​ထမ်း​ပိုး​ကို​ပင့်​ပေး​လိမ့်​မည်​မ​ဟုတ်။

``သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ ရ​ပြီ။ ငါ့​ကို​စွန့်​ခွာ​၍​ပုန်​ကန်​ကြ​ပြီ။ သို့ ဖြစ်​၍​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​လိမ့် မည်။ ငါ​သည်​သူ​တို့​ကို​ကယ်​တင်​လို​သော် လည်း​သူ​တို့​သည်​ငါ့​အား​မှန်​သော​ကိုး ကွယ်​မှု​မ​ပြု​ကြ၊ လိမ်​လည်​လှည့်​ဖြား ကြ​၏။-

သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ရှေး​အ​ခါ​က​ပ​ရော​ဖက်​များ သည်​သူ​တို့​အား ယုတ်​မာ​ဆိုး​ညစ်​သည့်​အ​ကျင့် များ​ကို​ရပ်​စဲ​လိုက်​ကြ​ရန်​ပြော​ကြား​သော် လည်း​သူ​တို့​သည်​နား​မ​ထောင်​ဂ​ရု​မ​စိုက် ကြ'' ဟု​မိန့်​တော်​မူ​၏။-

မင်း​ကြီး​သည်​ဖိတ်​ကြား​ထား​သူ​များ​ထံ​သို့​မင်း စေ​တို့​ကို​လွှတ်​၍​ခေါ်​ဖိတ်​စေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​မ​လာ​လို​ကြ။-

ကျန်​သော​သူ​များ​က​မင်း​စေ​တို့​ကို​ဖမ်း​၍ ရိုက်​နှက်​သတ်​ဖြတ်​ကြ​၏။-

ထို​နောက်​သင်​တို့​က `ငါ​တို့​သာ​ဘိုး​ဘေး​တို့​၏​ခေတ် က​အ​သက်​ရှင်​ခဲ့​မည်​ဆို​ပါ​က၊ ပ​ရော​ဖက်​များ​ကို သတ်​ဖြတ်​သည့်​အ​မှု​တွင်​ပါ​ဝင်​ခဲ့​ကြ​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏။-

သို့​ဖြစ်​၍​သင်​တို့​သည်​ပ​ရော​ဖက်​များ​ကို​သတ် ဖြတ်​သူ​တို့​၏​သား​မြေး​များ​ဖြစ်​ကြောင်း​ဝန်​ခံ ကြ​လေ​ပြီ​တ​ကား။-

``ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကောင်း​ကင်​ဘုံ​တွင် သင်​တို့​ခံ​စား​ရ​မည့်​အ​ကျိုး​သည်​ကြီး​လှ​ပေ​၏။ ရှေး​ပ​ရော​ဖက်​တို့​ကို​ထို​နည်း​တူ​ညှဉ်း​ဆဲ​ကြ​ပြီ။

သား​ကြီး​သည်​စိတ်​ဆိုး​လျက်​အိမ်​ထဲ​သို့​မ​ဝင် ဘဲ​နေ​၏။ ဖ​ခင်​သည်​အ​ပြင်​သို့​ထွက်​လာ​၍ သား​ကြီး​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖျောင်း​ဖျ​၏။-

ယု​ဒ​အ​မျိုး​သား​တို့​သည်​သ​ခင်​ယေ​ရှု​နှင့် ပ​ရော​ဖက်​တို့​ကို​သတ်​ဖြတ်​၍​ငါ​တို့​ကို​ညှဉ်း ဆဲ​သူ​များ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ သော​သူ​များ၊ လူ​အ​ပေါင်း​တို့​၏​ရန်​သူ​များ ဖြစ်​ကြ​၏။-

ထို​အ​မျိုး​သ​မီး​သည်​ဘု​ရား​သ​ခင်​လူ​စု​တော် ၏​သွေး​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ကို​သစ္စာ ရှိ​သ​ဖြင့် အ​သတ်​ခံ​ရ​သူ​တို့​၏​သွေး​ကို​လည်း ကောင်း​သောက်​၍​ယစ်​မူး​လျက်​ရှိ​သည်​ကို​ငါ တွေ့​မြင်​ရ​၏။ သူ့​ကို​မြင်​ရ​သော​အ​ခါ​ငါ​သည်​လွန်​စွာ အံ့​သြ​၍​နေ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​ယင်း​သို့​သင်​ပြု​သည့် အ​တွက် သင့်​အား​ဆု​ကျေး​ဇူး​တော်​ကို​ချ ပေး​တော်​မူ​ပါ​စေ​သော။ သင်​ခို​လှုံ​ချဉ်း​ကပ် သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဆု ကျေး​ဇူး​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ