Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 23:3

Common Language Bible

သို့​ဖြစ်​၍​ထို​သူ​တို့​ပြော​ဆို​သွန်​သင်​သ​မျှ အ​တိုင်း​လိုက်​နာ​ပြု​ကျင့်​ကြ​လော့။ သို့​သော် သူ​တို့​သည်​မိ​မိ​တို့​ဟော​သည့်​အ​တိုင်း​မ​ကျင့် ကြ​သ​ဖြင့်​သူ​တို့​ကျင့်​သ​ကဲ့​သို့​မ​ကျင့်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ပြင်​မင်း​ကြီး​နှင့်​မှူး​မတ်​တို့​ထုတ်​ပြန် ကြေ​ညာ​သည့်​အ​မိန့်​များ​ကို​လိုက်​နာ​သော အား​ဖြင့် လူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း အ​လို​တော်​ကို​လိုက်​လျှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ယု​ဒ​ပြည်​သူ​တို့​၏​စိတ်​ကို​ပြု ပြင်​ပေး​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​နှင့်​အ​ညီ ဤ​နည်း​အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​သည်​ပင် ပန်း​နွမ်း​ရိ​လိမ့်​မည်​မ​ဟုတ်။ ဤ​လူ​အ​ပေါင်း တို့​သည်​လည်း​အ​မှု​အ​ခင်း​များ​ပြီး​ပြတ် လျက် မိ​မိ​တို့​နေ​အိမ်​သို့​ပြန်​နိုင်​ကြ​လိမ့် မည်'' ဟု​အကြံ​ပေး​သည်။

ဖ​ခင်​သည်​သား​ငယ်​ထံ​သို့​သွား​၍​ရှေး​နည်း​တူ ပြော​၏။ သား​ငယ်​က `ဟုတ်​ကဲ့ အ​ဖေ၊ အ​ကျွန်ုပ် သွား​ပါ​မည်' ဟု​ဆို​၏။-

``ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​များ​သည်​မော​ရှေ ၏​ပ​ညတ်​ကျမ်း​ကို​အ​ဋ္ဌိပ္ပါယ်​ဖွင့်​ပြ​ရန်​အ​ခွင့် အာ​ဏာ​ရ​ရှိ​ထား​သူ​များ​ဖြစ်​ကြ​၏။-

သူ​တို့​သည်​လေး​လံ​၍​အ​ထမ်း​ရ​ခက်​သည့်​ဝန်​ထုပ် များ​ကို​သူ​တစ်​ပါး​တို့​အား​ထမ်း​စေ​ကြ​၏။ မိ​မိ တို့​ကိုယ်​တိုင်​မူ​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့် မျှ​မ​တို့​လို​ကြ။-

ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က``ငါ​တို့​သည် လူ့​အ​မိန့်​ထက်​ဘု​ရား​သ​ခင့်​အ​မိန့်​တော် ကို​နား​ထောင်​ရ​မည်။-

လူ​တိုင်း​ပင်​အ​စိုး​ရ​မင်း​တို့​၏​အ​မိန့်​အာ​ဏာ ကို​လိုက်​နာ​ကြ​ရ​မည်။ အ​ဘယ်​အ​စိုး​ရ​မျှ ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ရပ် မ​တည်​နိုင်။ အာ​ဏာ​ရ​အ​စိုး​ရ​မင်း​သည် ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​ရ​၍​သာ​အုပ်​စိုး ရ​၏။-

``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ပ​ညတ် တော်​အား​လုံး​ကို​သင်​တို့​အား​သွန်​သင်​ခဲ့ ပြီ။ သင်​တို့​တိုက်​ခိုက်​၍​သိမ်း​ပိုက်​နေ​ထိုင်​မည့် ပြည်​တွင် ထို​ပညတ်​တော်​တို့​ကို​လိုက်​နာ​ကြ လော့။-

ကိုယ်​တော်​သာ​ချဉ်း​ကပ်​၍​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သ​မျှ ကို​ကြား​နာ​ပြီး​လျှင် အ​ကျွန်ုပ်​တို့​အား​ဆင့် ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​မိန့်​တော် ကို​နာ​ခံ​ပါ​မည်' ဟု​လျှောက်​ထား​ကြ​၏။

ဘာ​သာ​တ​ရား​ဆိုင်​ရာ​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​နာ​ကြ​သော်​လည်း ဘာ​သာ​တ​ရား​၏​ပြု ပြင်​သော​တန်​ခိုး​ကို​မူ​ကား​ငြင်း​ပယ်​သော​သူ များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​သည်​ထို​သူ​တို့​ကို ရှောင်​ရှား​လော့။-

သူ​တို့​သည်​ဘုရား​သခင်​ကို​သိ​သည်​ဟု​ဝန်​ခံ သော်​လည်း​သူ​တို့​အ​ကျင့်​က​မ​ထောက်​ခံ။ သူ တို့​သည်​မုန်း​ဖွယ်​ကောင်း​သူ၊ နား​မ​ထောင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ ပြု​ရန်​မ​သင့်​တော်​သူ​များ​ဖြစ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ