Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 23:2

Common Language Bible

``ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​များ​သည်​မော​ရှေ ၏​ပ​ညတ်​ကျမ်း​ကို​အ​ဋ္ဌိပ္ပါယ်​ဖွင့်​ပြ​ရန်​အ​ခွင့် အာ​ဏာ​ရ​ရှိ​ထား​သူ​များ​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

``သင်​ဧ​ဇ​ရ​သည်​သင့်​အား​ဘု​ရား​သ​ခင်​ပေး အပ်​တော်​မူ​သည့်​ပ​ညာ​ဉာဏ်​ကို​အ​သုံး​ပြု လျက် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည် နယ်​တွင် သင့်​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​ကြ​သူ​လူ​အ​ပေါင်း​တို့​အား အုပ်​စိုး​ရန်​အ​တွက်​အုပ်​ချုပ်​ရေး​မှူး​များ​နှင့် တ​ရား​သူ​ကြီး​များ​ကို​ခန့်​ထား​လော့။ ထို တ​ရား​တော်​ကို​မ​သိ​သူ​ကို​သင်​သည်​သင် ကြား​ပို့​ချ​ပေး​လော့။-

ဧ​ဇ​ရ​သည်​မော​ရှေ​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သည့်​ပ​ညတ်​ကျမ်း​ကို​ကြေ ညက်​စွာ​တတ်​မြောက်​သူ​ပ​ညာ​ရှိ​ကြီး​ဖြစ် ၏။ ဧ​ဇ​ရ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​စား​ရ​သူ​ဖြစ်​သ​ဖြင့် မင်း ကြီး​သည်​သူ​တောင်း​သ​မျှ​သော​အ​ရာ တို့​ကို​ပေး​သ​နား​တော်​မူ​လေ​သည်။-

ဘု​ရား​သ​ခင်​အ​ကြောင်း​တော်​ကို​မှန်​ကန် စွာ​သိ​ရှိ​နား​လည်​နိုင်​ရန်​ဟော​ပြော​သွန် သင်​မှု​မှာ ယဇ်​ပု​ရော​ဟိတ်​များ​၏​တာ​ဝန် ဖြစ်​ပေ​သည်။ သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏ တ​မန်​တော်​များ​ဖြစ် သ​ဖြင့် လူ​တို့​သည်​ငါ​၏​အ​လို​တော်​ကို သိ​ရှိ​နိုင်​ရန်​သူ​တို့​ထံ​သို့​သွား​ရ​ကြ​၏။

သို့​ဖြစ်​၍​ထို​သူ​တို့​ပြော​ဆို​သွန်​သင်​သ​မျှ အ​တိုင်း​လိုက်​နာ​ပြု​ကျင့်​ကြ​လော့။ သို့​သော် သူ​တို့​သည်​မိ​မိ​တို့​ဟော​သည့်​အ​တိုင်း​မ​ကျင့် ကြ​သ​ဖြင့်​သူ​တို့​ကျင့်​သ​ကဲ့​သို့​မ​ကျင့်​ကြ​နှင့်။-

ဤ​သို့​ဟော​ပြော​သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ကိုယ်​တော်​က ``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ နှင့်​ရှောင်​ကြ​လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို ဝတ်​၍​ပ​လွှား​သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက် တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။-

``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို​ဝတ်​၍​ပ​လွှား သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက်​တွင်​အ​လေး ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။ တ​ရား​ဇ​ရပ်​များ​တွင် သီး​သန့်​ထား​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း​ဆုံး​သော​နေ​ရာ ထိုင်​ခင်း​များ​ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​ကို ချစ်​တော်​မူ​၏။ မိ​မိ​ပိုင်​ဆိုင်​သူ​တို့​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​ခြေ​တော် ကို ဦး​တိုက်​လျက်​ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ