ကောင်းကင်ဘုံကိုတိုင်တည်၍ကျိန်ဆိုသူသည် ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ထိုပလ္လင် ပေါ်မှာစံနေတော်မူသောအရှင်ကိုပါကျိန် ဆိုသတည်း။''
ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ၏။ ကိုယ်တော်၏ပလ္လင်တော်သည်ကောင်းကင်ဘုံ တွင် ရှိတော်မူ၏။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး ကြည့်ရှုတော်မူ၍ သူတို့ပြုသောအမှုအရာများကိုသိမြင် တော်မူ၏။
ထာဝရဘုရားက``ကောင်းကင်ဘုံသည်ငါ ၏ရာဇပလ္လင်ဖြစ်၍ကမ္ဘာမြေကြီးသည် ငါ ၏ခြေတင်ခုံဖြစ်၏။ ထိုကြောင့်သင်တို့သည် ငါ၏အတွက်အဘယ်သို့သောဗိမာန်၊ ငါ ကျိန်းဝပ်ရန်အတွက်အဘယ်သို့သော အဆောက်အဦးကိုတည်ဆောက်နိုင်ကြ ပါမည်နည်း။-
သို့ရာတွင်သင်တို့သည်တစ်စုံတစ်ခုကိုကတိပြု သောအခါလုံးဝကျိန်ဆို၍မပြောကြနှင့်ဟု သင်တို့အားငါဆို၏။ ကောင်းကင်ဘုံကိုတိုင်တည် ၍မကျိန်ဆိုကြနှင့်။ ကောင်းကင်ဘုံသည်ဘုရား သခင်၏ပလ္လင်တော်ဖြစ်၏။-
`ကောင်းကင်ဘုံသည်ငါ၏ပလ္လင်ဖြစ်၏။ ကမ္ဘာမြေကြီးသည်ငါ၏ခြေတင်ခုံဖြစ်၏။ သင်သည်အဘယ်သို့သောဗိမာန်တော်ကို ငါ့အတွက်တည်ဆောက်မည်နည်း။ ငါကျိန်းဝပ်ရန်အရပ်ကားအဘယ်မှာနည်း။