Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 23:21

Common Language Bible

ဗိ​မာန်​တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည်​ဗိ​မာန် တော်​နှင့်​တ​ကွ​ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ သော​အရှင်​ကို​ပါ​တိုင်​တည်​၍​ကျိန်​ဆို​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​တွက် ဗိ​မာန်​တော်၊ကိုယ်​တော်​ထာ​ဝ​စဉ်​စံ​တော်​မူ​ရန်၊ ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။

``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ​နေ​တော်​မူ​ပါ မည်​လော။ ကောင်း​ကင်​ဘုံ​တစ်​ခု​လုံး​ပင်​လျှင်​ကိုယ် တော်​စံ​တော်​မူ​နိုင်​လောက်​အောင်​မ​ကျယ်​ဝန်း​ပါ။ သို့​ဖြစ်​၍​ကျွန်ုပ်​တည်​ဆောက်​သည့်​ဤ​ဗိမာန်​တော် သည် စံ​တော်​မူ​ရန်​အ​တွက်​မည်​သို့​ကျယ်​ဝန်း နိုင်​ပါ​မည်​နည်း။-

ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​စံ​တော်​မူ​ရာ ဗိ​မာန်​တော်၊ ကိုယ်​တော်​ထာ​ဝ​စဉ်​ကိန်း​ဝပ်​တော်​မူ​ရာ ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု ပတ္ထနာ​ပြု​တော်​မူ​၏။

သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်​ကြ။-

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ဘုန်း​အ​သ​ရေ​တော်​တည်​ရာ တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ရာ အိမ်​တော်​ကို​နှစ်​သက်​မြတ်​နိုး​ပါ​၏။

ယဇ်​ပလ္လင်​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည်​ယဇ်​ပလ္လင် နှင့်​တ​ကွ​ယဇ်​ပလ္လင်​ပေါ်​မှာ​ရှိ​သ​မျှ​တို့​ကို​ပါ တိုင်​တည်​၍​ကျိန်​ဆို​သ​တည်း။-

သင်​တို့​သည်​လည်း​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ် ဝ​တည်း​ဖြစ်​လျက် အ​ခြား​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​တည်​ဆောက်​ခြင်း​ကို​ခံ​သ​ဖြင့်​ဝိ​ညာဉ် တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော် မူ​ရာ​ဌာ​န​တော်​ဖြစ်​လာ​ကြ​ပေ​သည်။

လူ့​ဇာ​တိ​အ​ဖြစ်​နှင့်​လော​က​တွင်​သက်​တော် ထင်​ရှား​ရှိ​တော်​မူ​စဉ်​အ​ခါ​က ခ​ရစ်​တော်​၌ ဘု​ရား​ဇာ​တိ​တော်​အ​ပြည့်​အ​ဝ​ကိန်း​အောင်း တော်​မူ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ