မဿဲ 23:16Common Language Bible``လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ `လူတစ်စုံတစ်ယောက်သည်ဗိမာန်တော်ကို တိုင်တည်၍ကျိန်ဆိုလျှင် ထိုကျိန်ဆိုချက်သည် အတည်မဖြစ်။ သို့သော်ဗိမာန်တော်၏ရွှေကို တိုင်တည်၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင်တို့ဆိုကြ၏။- အခန်းကိုကြည့်ပါ။ |
ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့်ကျိန်ဆိုမှု ကိုမပြုကြနှင့်။ ကောင်းကင်ဘုံသို့မဟုတ် ကမ္ဘာမြေကြီးကိုတိုင်တည်၍မကျိန်ဆိုနှင့်။ အဘယ်အရာကိုမျှတိုင်တည်၍မကျိန်ဆို နှင့်။ သင်တို့စကားသည်ဟုတ်လျှင်ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်လျှင်မဟုတ်ဟူ၍ လည်းကောင်းဖြစ်စေကြလော့။ သို့ပြုလျှင် သင်တို့သည်ဘုရားသခင်၏တရားစီရင် တော်မူခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။