Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 23:15

Common Language Bible

``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တစ်​ယောက် ကို​ဘာ​သာ​သွင်း​နိုင်​ရန်​သင်​တို့​သည်​ရေ​ကြောင်း၊ ကုန်း​ကြောင်း​ခ​ရီး​ပြု​ကြ​၏။ ဘာ​သာ​သွင်း​ပြီး သော​အ​ခါ​၌​လည်း​ထို​သူ​အား​သင်​တို့​ထက် နှစ်​ဆ​ပို​၍​င​ရဲ​သို့​လား​ထိုက်​သူ​ဖြစ်​စေ​ကြ ၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​၏​အ​မိန့်​ကြေ​ညာ​ချက်​ရောက်​ရှိ သည့်​ပြည်​နယ်​နှင့်​မြို့​အ​ပေါင်း​တို့​တွင် ယု​ဒ​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​စွာ စား​သောက်​လျက်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို ကျင်း​ပ​ကြ​ကုန်​၏။ အ​ခြား​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​ယု​ဒ​အ​မျိုး သား​တို့​ကို​ကြောက်​သော​ကြောင့်​ယု​ဒ ဘာ​သာ​သို့​ကူး​ပြောင်း​လာ​ကြ​လေ သည်။

``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။

ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ​အ​မြောက်​အ​မြား​ပင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ရန်​လာ​ကြ​သည်​ကို​မြင်​လျှင် ယော​ဟန် က ``အ​ချင်း​မြွေ​ဆိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​မှ​လွတ်​မြောက်​နိုင်​သည်​ဟု သင်​တို့​အား​အ​ဘယ်​သူ​ပြော​သ​နည်း။-

သို့​ရာ​တွင်​မိ​မိ​၏​ညီ​အစ်​ကို​အား​အ​မျက် ထွက်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက် သို့​ရောက်​ရ​မည်​ဟု​သင်​တို့​အား​ငါ​ဆို​၏။ အ​ချင်း ချင်း​ဆဲ​ရေး​တိုင်း​ထွာ​သူ​သည်​တ​ရား​ရုံး​တော် တွင်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​င​ရဲ သို့​လား​ရ​လိမ့်​မည်။-

သင်​၏​လက်​ယာ​မျက်​စိ​သည်​သင့်​အား​မှောက်​မှား စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ သင်​၏​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ် အင်္ဂါ​တစ်​ခု​ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။-

သင်​တို့​၏​အ​ဖ​သည်​မာရ်​နတ်​ဖြစ်​၏။ သို့​ဖြစ်​၍ သင်​တို့​အ​ဖ​၏​အ​လို​သို့​လိုက်​၍​သင်​တို့​ပြု ကြ​၏။ မာရ်​နတ်​သည်​အ​စ​က​ပင်​လျှင်​လူ သတ်​သ​မား​ဖြစ်​၏။ သူ​သည်​သမ္မာ​တ​ရား ကင်း​မဲ့​သူ​ဖြစ်​၍​သမ္မာ​တ​ရား​တွင်​မ​ကျင် လည်၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​ဖြစ်​၏။ သူ သည်​ကား​မု​သား​၏​အ​ဖ​ဖြစ်​၍ မိ​မိ​ပင်​ကို ဇာ​တိ​သ​ဘော​အ​ရ​မု​သား​ကို​ပြော​တတ်​၏။-

``မာရ်​နတ်​၏​သား၊ လှည့်​စား​လိမ်​လည်​တတ်​သူ၊ အ​မှန်​တ​ရား​၏​ရန်​သူ၊ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဖြောင့်​မှန်​သော​တ​ရား​လမ်း​ကို ကောက်​လိမ်​အောင်​ပြု​ပါ​သည်​တ​ကား။-

တ​ရား​ဇ​ရပ်​မှ​လူ​စု​ကွဲ​သော​အ​ခါ​ယု​ဒ အ​မျိုး​သား​အ​မြောက်​အ​မြား​နှင့် ယု​ဒ​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​အ​မြောက်​အ​မြား​တို့​သည် ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​၏​နောက်​သို့​လိုက်​ကြ​၏။ တ​မန်​တော်​တို့​က​ထို​သူ​တို့​အား ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​၌​ဆက်​လက်​သက်​ရှင်​ကြ​ရန် အား​ပေး​တိုက်​တွန်း​ကြ​၏။

သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​အ​ချို့​သည်​အန္တိ အုတ်​မြို့​နှင့်​ဣ​ကော​နိ​မြို့​တို့​မှ​ရောက်​လာ​ကြ ပြီး​လျှင် လူ​ပ​ရိ​သတ်​တို့​ကို​မိ​မိ​တို့​ဘက်​သို့ ပါ​အောင်​ဆွဲ​ဆောင်​ကြ​၏။ ထို​နောက်​ပေါ​လု​ကို ခဲ​ဖြင့်​ပေါက်​၍ သေ​လု​ပြီ​ဟု​ထင်​သ​ဖြင့်​မြို့ ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။-

သို့​သော်​မ​ယုံ​ကြည်​သည့်​ယု​ဒ​အ​မျိုး​သား များ​သည် လူ​မျိုး​ခြား​တို့​အား​ညီ​အစ်​ကို​တို့ ကို​မ​နာ​လို​စိတ်​ရှိ​စေ​ရန်​ဆွ​ပေး​ကြ​၏။-

ဗေ​ရိ​မြို့​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို​ပေါ​လု​ဟော​ပြော​လျက်​ရှိ​ကြောင်း​ကို သက်​သာ​လော​နိတ်​မြို့​မှ​ယု​ဒ​အ​မျိုး​သား​တို့ သည်​ကြား​သိ​ကြ​သော​အ​ခါ ဗေ​ရိ​မြို့​သို့​လာ ၍​လူ​တို့​အား​ဆူ​ပူ​အောင်​လှုံ့​ဆော်​ပေး​ကြ​၏။-

ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အီ​ဂျစ်​ပြည်​များ​မှ လည်း​ကောင်း၊ ကု​ရေ​နေ​မြို့​အ​နီး​လိ​ဗု​နယ်​ပယ် များ​မှ​လည်း​ကောင်း​လာ​ကြ​သူ​များ​ဖြစ်​၏။ အ​ချို့​သော​ငါ​တို့​သည်​ရော​မ​မြို့​မှ​ရောက် လာ​သော၊-

ဤ​အ​ကြံ​ကို​တ​ပည့်​တော်​အ​ပေါင်း​တို့​နှစ်​သက် ကြ​၏။ သူ​တို့​သည်​သ​တေ​ဖန်​ကို​ရွေး​ချယ်​ကြ ၏။ သ​တေ​ဖန်​သည်​ယုံ​ကြည်​ခြင်း​အား​ကြီး​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​သူ​ဖြစ် ၏။ ထို့​နောက်​ဖိ​လိပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န​နှင့်​နိ​ကော​လ​တို့​ကို​လည်း​ရွေး​ချယ် ကြ​၏။ နိ​ကော​လ​ကား​ယု​ဒ​အ​မျိုး​သား​မ​ဟုတ်၊ ယု​ဒ​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​အန္တိ​အုတ် မြို့​သား​ဖြစ်​၏။-

ငါ့​ကို​အ​တိုက်​အ​ခံ​ပြု​သူ​များ​သည်​သင်​တို့ အ​ပေါ်​တွင်​များ​စွာ​စိတ်​ဝင်​စား​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ရိုး​သား​သော​ရည်​ရွယ်​ချက်​ဖြင့် မ​ဟုတ်။ သင်​တို့​၏​တုံ့​ပြန်​စိတ်​ဝင်​စား​မှု​ကို ခံ​ယူ​ရ​ရှိ​နိုင်​ရန်​သင်​တို့​အား​ငါ​နှင့်​အ​ဆက် ဖြတ်​စေ​လို​သော​ကြောင့်​ဖြစ်​သည်။-

သင်​တို့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ရန် အ​နိုင် အ​ထက်​တိုက်​တွန်း​ကြ​သူ​တို့​သည် ပြင်​ပ​အ​မှတ် လက္ခ​ဏာ​များ​အ​တွက် ဂုဏ်​ယူ​ပြ​စား​လို​သူ​များ ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ဤ​သို့​ပြု​ရ​ခြင်း​မှာ ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​တ​ရား​တော် အ​တွက် သူ​တို့​ကိုယ်​တိုင်​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း ခံ​ကြ​ရ​မည်​စိုး​သော​ကြောင့်​ဖြစ်​၏။-

အ​မှန်​စင်​စစ်​ငါ​တို့​သည်​ထို​သူ​တို့​ကဲ့​သို့ ဇာ​တိ​၏​ဆွဲ​ဆောင်​ရာ​သို့​လိုက်​လျက် ကာ​ယ​၏ အ​လို​နှင့်​စိတ်​၏​အ​လို​အ​ရ​ပြု​ကျင့်​ခဲ့​ကြ​၏။ ငါ​တို့​သည်​ဇာ​တိ​သ​ဘော​အ​ရ​အ​ခြား​သူ တို့​နည်း​တူ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ခံ​ထိုက်​သူ​များ​ဖြစ်​ခဲ့​ကြ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ