Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 21:29

Common Language Bible

သား​ကြီး​က `အ​ကျွန်ုပ်​မ​သွား​လို​ပါ' ဟု​ဆို သော်​လည်း​နောက်​မှ​စိတ်​ပြောင်း​လဲ​သ​ဖြင့် ဥ​ယျာဉ်​သို့​သွား​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​သည်​မိ​မိ​အား​စေ​လွှတ်​သော​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​သ​မျှ​တို့​နှင့် ပြု​လုပ်​ရ​မည့် အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို​အာရုန်​အား ပြော​လေ​၏။-

``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု ၍​သင်​ဟော​ပြော​သည့်​စ​ကား​များ​ကို​ငါ​တို့ နား​မ​ထောင်​လို​ပါ။-

ဟော​ဗပ်​က``ငါ​မ​လိုက်​လို​ပါ။ ငါ​၏​နေ​ရင်း ပြည်​သို့​ပြန်​မည်'' ဟု​ဖြေ​ကြား​လေ​၏။

ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။-

ဖ​ခင်​သည်​သား​ငယ်​ထံ​သို့​သွား​၍​ရှေး​နည်း​တူ ပြော​၏။ သား​ငယ်​က `ဟုတ်​ကဲ့ အ​ဖေ၊ အ​ကျွန်ုပ် သွား​ပါ​မည်' ဟု​ဆို​၏။-

သို့​သော်​လည်း​မ​သွား​ဘဲ​နေ​၏။ ထို​သား​နှစ်​ယောက် တို့​တွင်​အ​ဘယ်​သူ​သည်​ဖ​ခင်​၏​စ​ကား​ကို​နား ထောင်​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``သား​ကြီး​နား​ထောင်​ပါ​သည်'' ဟု ဖြေ​ကြား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား၊ အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ သည်​သင်​တို့​အ​လျင်​ကောင်း​ကင်​နိုင်​ငံ​တော်​သို့​ဝင် ကြ​လိမ့်​မည်။-

ဦး​စွာ​ဒ​မာ​သက်​မြို့၊ ထို​နောက်​ယေ​ရု​ရှ​လင်​မြို့ မှ​စ​၍ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​ရှိ​လူ​တို့​အား လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​အား​လည်း​ကောင်း အ​ကျွန်ုပ်​ဟော​ပြော​ပါ​၏။-

ယ​ခင်​က​သင်​တို့​တွင်​အ​ချို့​သော​သူ​တို့​သည် ထို​သို့​ဆိုး​ယုတ်​သူ​များ​ဖြစ်​ခဲ့​သော်​လည်း အ​ပြစ်​မှ​ဆေး​ကြော​သုတ်​သင်​ခြင်း​ကို​ခံ ကြ​ရ​ပြီ။ ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သူ များ​ဖြစ်​ကြ​ပြီ။ အ​ရှင်​ယေ​ရှု​ခ​ရစ်​အား ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း သင်​တို့ သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ