Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 21:28

Common Language Bible

ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဟော​ဗပ်​က``ငါ​မ​လိုက်​လို​ပါ။ ငါ​၏​နေ​ရင်း ပြည်​သို့​ပြန်​မည်'' ဟု​ဖြေ​ကြား​လေ​၏။

ပေ​တ​ရု​က ``ပေး​ဆောင်​ပါ​သည်'' ဟု​ဆို​၏။ ထို​နောက်​အိမ်​ထဲ​သို့​ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​မ​ပြော​မီ ``ရှိ​မုန်၊ သင် အ​ဘယ်​သို့​ထင်​မြင်​ပါ​သ​နည်း။ လော​ကီ​ဘု​ရင် တို့​သည်​မည်​သူ့​ထံ​မှ​အ​ခွန်​အ​ကောက်​များ​ကို ကောက်​ခံ​ကြ​သ​နည်း။ တိုင်း​ရင်း​သား​များ​ထံ​မှ လော။ နိုင်​ငံ​ခြား​သား​များ​ထံ​မှ​လော'' ဟု မေး​တော်​မူ​၏။

``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​စ​ပျစ်​ဥ​ယျာဉ်​ပိုင် ရှင်​တစ်​ဦး​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့် တူ​၏။ သူ​သည်​အ​လုပ်​သ​မား​များ​ငှား​ရန်​နံ​နက် စော​စော​ထွက်​သွား​၏။-

သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သည်​ကို လည်း​သင်​တို့​အား​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။

သား​ကြီး​က `အ​ကျွန်ုပ်​မ​သွား​လို​ပါ' ဟု​ဆို သော်​လည်း​နောက်​မှ​စိတ်​ပြောင်း​လဲ​သ​ဖြင့် ဥ​ယျာဉ်​သို့​သွား​လေ​၏။-

``အ​ခြား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​နား​ထောင်​ကြ​ဦး လော့။ စ​ပျစ်​ဥ​ယျာဉ်​တစ်​ခု​ကို​စိုက်​ပျိုး​သည့်​မြေ ပိုင်​ရှင်​တစ်​ယောက်​ရှိ​၏။ သူ​သည်​ခြံ​ဝင်း​ကာ​၍ စပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး​၏။ မျှော်​စင်​တစ်​ခု ကို​လည်း​ဆောက်​လုပ်​၏။ ထို​နောက်​မိ​မိ​၏​ဥ​ယျာဉ် ကို​ခြံ​သ​မား​တို့​အား​သီး​စား​ချ​၍​နိုင်​ငံ​ရပ် ခြား​သို့​ထွက်​သွား​၏။-

သို့​ဖြစ်​၍​အ​ရှင်​အ​ဘယ်​သို့​ထင်​မြင်​သည်​ကို အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ။ ရော​မ​ဧ​က​ရာဇ် ဘု​ရင်​အား​အ​ခွန်​ဆက်​အပ်​ပါ​သ​လော၊ မ​ဆက် အပ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။

ဥ​ပ​မာ​ဆို​သော်​နိုင်​ငံ​ရပ်​ခြား​သို့​သွား​သူ​လူ တစ်​ယောက်​သည် မိ​မိ​၏​အိမ်​ကို​ငယ်​သား​များ လက်​တွင်​အပ်​ထား​ခဲ့​၏။ သူ​တို့​အား​ကိုယ်​စီ ကိုယ်​ငှ​လုပ်​ဆောင်​ရန်​တာ​ဝန်​ဝတ္တ​ရား​များ ကို​ပေး​အပ်​ခဲ့​၏။ တံ​ခါး​မှူး​အား​သ​တိ​နှင့် စောင့်​နေ​ရန်​မှာ​ထား​ခဲ့​၏။-

ရှိ​လောင်​မျှော်​စင်​ပြို​ကျ​သ​ဖြင့် ပိ​၍​သေ​သူ လူ​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည် အ​ခြား​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​များ​ထက်​ပို​၍​အ​ပြစ် ကူး​သူ​များ​ဖြစ်​သည်​ဟု သင်​တို့​ထင်​မှတ် ကြ​သ​လော။-

သင်​တို့​အား​အ​သိ​အ​လိမ္မာ​ရှိ​သူ​များ​အ​နေ ဖြင့်​ငါ​ပြော​နေ​ခြင်း​ဖြစ်​၏။ ငါ့​စ​ကား​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။-

သို့​ဖြစ်​၍​ချစ်​သော​ညီ​အစ်​ကို​တို့၊ ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။ သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ခြင်း​သည်​ဘယ်​အ​ခါ​၌​မျှ အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​ကာ အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​ဆောင်​ရွက်​ကြ လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ