မဿဲ 20:15Common Language Bibleငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။ အခန်းကိုကြည့်ပါ။ |
အဘယ်သူသည်သင်တို့အားသူတစ်ပါး ထက်ထူးကဲစေပါသနည်း။ သင်တို့တွင်ရှိ သမျှသောအရာတို့သည် ဘုရားသခင် ချပေးတော်မူသောအရာများမဟုတ် ပါလော။ သို့ဖြစ်ပါလျက်သင်တို့ရရှိထား သောအရာများသည် ဘုရားသခင်ချပေး တော်မူသောဆုကျေးဇူးများမဟုတ် သကဲ့သို့ သင်တို့အဘယ်ကြောင့်ကြွား ဝါသနည်း။
ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-