Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 20:14

Common Language Bible

သင်​၏​လုပ်​အား​ခ​ကို​ယူ​၍​သွား​ပါ​လေ။ နောက် ဆုံး​ငှား​သည့်​ဤ​အ​လုပ်​သ​မား​အား​သင့်​ကို​ပေး သ​ကဲ့​သို့​ငါ​ပေး​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ​နှင့်​အ​တူ​လိုက်​၍​ထာ​ဝရ​ဘု​ရား​အ​တွက် ငါ​အ​ဘယ်​မျှ​စိတ်​ထက်​သန်​သည်​ကို​သင် ကိုယ်​တိုင်​ကြည့်​ရှု့​လော့'' ဟု​ဆို​၏။ သူ​တို့ နှစ်​ဦး​သည်​အ​တူ​တ​ကွ ရှ​မာ​ရိ​မြို့​သို့ ရ​ထား​စီး​၍​သွား​ကြ​၏။-

ဥ​ယျာဉ်​ရှင်​က​မိ​မိ​ပထမ​ဆုံး​ငှား​ရမ်း​သည့်​အ​လုပ် သ​မား​များ​အ​နက်​တစ်​ယောက်​အား `အ​ဆွေ၊ ငါ သည်​သင့်​ကို​မ​တ​ရား​ပြု​သည်​မ​ဟုတ်။ သင်​သည် တစ်​နေ့​လျှင်​ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​နှင့်​အ​လုပ် လုပ်​ရန်​သ​ဘော​တူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။-

ငါ​ပိုင်​သည့်​ငွေ​ကို​ငါ​အ​လို​ရှိ​သည့်​အ​တိုင်း​မ​သုံး စွဲ​အပ်​ပါ​သ​လော။ ငါ​ရက်​ရော​သော​ကြောင့်​သင် မ​နာ​လို​ဝန်​တို​စိတ်​ရှိ​သ​လော' ဟု​ဆို​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။

``သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ ညှိုး​ငယ်​သော​အ​သွင် ကို​မ​ဆောင်​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​စာ ရှောင်​လျက်​နေ​ကြောင်း​ထင်​ပေါ်​စေ​လို​သ​ဖြင့် ဆာ​လောင် မွတ်​သိပ်​သော​အ​မူ​အ​ရာ​ဖြင့်​သွား​လာ​တတ်​ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ​ပြီ။-

``ထို​ကြောင့်​သင်​သည်​လှူ​ဒါန်း​သော​အ​ခါ​သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ တ​ရား​ဇ​ရပ်​များ နှင့်​လမ်း​ဆုံ​လမ်း​ခွ​များ​တွင်​မိ​မိ​တို့​ကိုယ်​ကို​ထင် ပေါ်​အောင်​မ​ပြု​ကြ​နှင့်။ သူ​တို့​သည်​လူ​များ​၏ အ​ချီး​အ​မွမ်း​ကို​ခံ​လို​၍​ဤ​သို့​ပြု​ကြ​ခြင်း ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား​ထို​သူ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို ခံ​စား​ရ​ကြ​၏။-

သို့​ရာ​တွင်​သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ​အိမ်​အ​တွင်း​ခန်း​သို့​ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး လျှင် မျက်​စိ​နှင့်​မ​တွေ့​မ​မြင်​နိုင်​သော​သင်​တို့​၏​အ​ဖ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။ မ​ထင် မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ​သော​သင်​တို့ ၏​အ​ဖ​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​သ​နား တော်​မူ​လိမ့်​မည်။

အ​ဖ​ဖြစ်​သူ​က `ငါ့​သား၊ သင်​သည်​ငါ​နှင့်​အ​တူ အ​မြဲ​နေ​၏။ ငါ့​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​သင်​ပိုင်​၏။-

``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။-

သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။-

ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-

မည်​သည့်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဆို​နိုင်။ လူ​တိုင်း ပင်​လိမ်​လည်​ကြ​စေ​ကာ​မူ​ဘု​ရား​သ​ခင်​မူ ကား က​တိ​သစ္စာ​တည်​တော်​မူ​မည်​သာ​ဖြစ်​၏။ ကျမ်း​စာ​တော်​က၊ ``ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​သည် မှန်​ကန်​ရ​မည်။ တ​ရား​ဆိုင်​တော်​မူ​ရ​လျှင်​လည်း​ကိုယ်​တော် သာ​လျှင် အ​နိုင်​ရ​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ