Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 14:9

Common Language Bible

ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​သော်​လည်း​ဧည့်​သည်​တော်​များ​ရှေ့​တွင် မိ​မိ​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက်​၍ သူ​ငယ်​မ တောင်း​လျှောက်​သည့်​အ​တိုင်း​ပေး​စေ​ရန်​အ​မိန့် ချ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရား သခင့်ရှေ့တော်၌ စကားပြောခြင်းငှါ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကားမများစေနှင့်။

ထို​ကာ​လ​၌​ဂါ​လိ​လဲ​ပြည်​ကို​အုပ်​စိုး​သူ ဟေ​ရုဒ်​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​ကို ကြား​လျှင်၊-

သို့​ဖြစ်​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ထောင်​ထဲ​တွင် ဖြတ်​စေ​ပြီး​လျှင်၊-

ဟေ​ရုဒ်​သည်​ယော​ဟန်​ကို​သတ်​လို​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြောက်​သ​ဖြင့်​မ​သတ် ရဲ​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​မှတ်​ယူ​နေ​ကြ​သော ကြောင့်​ဖြစ်​၏။

သူ​ငယ်​မ​သည်​လည်း​မိ​ခင်​၏​တိုက်​တွန်း​ချက် အ​ရ ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တွင်​တင်​၍​အ​ကျွန်ုပ်​အား​ဤ​နေ​ရာ တွင်​ပင်​ပေး​တော်​မူ​ပါ'' ဟု​တောင်း​လျှောက်​၏။

သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​တော်​သည်​ကျော် ကြား​လာ​သ​ဖြင့် ဟေ​ရုဒ်​ဘု​ရင်​၏​နား​တော်​သို့​ပင် ရောက်​ရှိ​လေ​သည်။ လူ​အ​ချို့​တို့​က ``သေ​ရာ​မှ ပြန်​ရှင်​လာ​သော​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ လျက်​ရှိ​၏'' ဟု​ဆို​ကြ​၏။

ယော​ဟန်​သည်​သူ​တော်​သူ​မြတ်​ဖြစ်​ကြောင်း​ဟေ​ရုဒ် သိ​သ​ဖြင့်​ကြောက်​၍ သူ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​၏။ ဟေ​ရုဒ်​သည်​ယော​ဟန်​၏​ဟော​ပြော​သွန်​သင် ချက်​များ​ကို​ကြား​နာ​ရ​သည့်​အ​ခါ​တိုင်း စိတ် မ​ငြိမ်​မ​သက်​ဖြစ်​ရ​တတ်​သော်​လည်း​ဝမ်း​မြောက် စွာ​ပင်​ကြား​နာ​လေ့​ရှိ​သည်။

ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။ သို့​ရာ​တွင်​ဧည့်​သည်​တော်​များ​ရှေ့ တွင် မိ​မိ​ကျိန်​ဆို​၍​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက် ၍ သူ​ငယ်​မ​၏​တောင်း​လျှောက်​ချက်​ကို​မ​ငြင်း မ​ပယ်​နိုင်။-

ကိုယ်​တော်​က ``ငါ​သည်​ယ​နေ့​နှင့်​နက်​ဖြန်​နေ့​တို့​၌ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍ အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​မည်။ တ​တိ​ယ​နေ့​တွင်​မူ​ငါ​၏ အ​လုပ်​ကို​အ​ဆုံး​သတ်​မည်​ဖြစ်​ကြောင်း​ကို​ထို မြေ​ခွေး​ကို​ပြော​ကြ​လော့။-

နှစ်​လ​မျှ​ကြာ​သော​အ​ခါ​သူ​သည်​မိ​မိ​၏ ဖ​ခင်​ထံ​သို့​ပြန်​လာ​လေ​သည်။ ဖ​ခင်​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​သစ္စာ​က​တိ ပြု​ထား​သည့်​အ​တိုင်း​ပြု​သ​ဖြင့် သူ​ငယ်​မ သည်​အ​ပျို​စင်​အ​ဖြစ်​နှင့်​ပင်​လျှင်​ဘ​ဝ ဆုံး​ရ​လေ​တော့​၏။ ဤ​အ​ဖြစ်​အပျက်​ကြောင့်၊-

မိ​ဇ​ပါ​မြို့​၌​စု​ရုံး​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား``ဗင်္ယာ မိန်​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​ကို​မျှ​အ​ကျွန်ုပ် တို့​၏​သ​မီး​နှင့်​လက်​ထပ်​ထိမ်း​မြား​ခွင့်​ပြု​မည် မ​ဟုတ်​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​ခဲ့​ကြ​၏။-

ရှော​လု​က``ယ​နေ့​ရန်​သူ​တို့​အား​ငါ​လက်​စား မ​ချေ​ရ​မီ အ​စား​အ​စာ​စား​သောက်​သူ​သည် ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း'' ဟု​ကျိန်​ဆို​ထား သ​ဖြင့်​ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဆာ​လောင်​မွတ်​သိပ်​ကာ​နွမ်း​နယ်​လျက်​ရှိ ကြ​၏။ တစ်​နေ့​လုံး​အ​ဘယ်​သူ​မျှ​အ​စား အ​စာ​မ​စား​ရ​ကြ။-

ထို့​ကြောင့်​တပ်​သား​တစ်​ယောက်​က``အ​ကျွန်ုပ် တို့​အား​လုံး​ပင်​နွမ်း​နယ်​လျက်​နေ​ကြ​ပါ​၏။ သို့​သော်​အ​ရှင့်​ခမည်း​တော်​က`ယ​နေ့​အ​စား အ​စာ​စား​သူ​သည်​ကျိန်​စာ​သင့်​ပါ​စေ' ဟု ကျိန်​ဆို​ထား​ပါ​၏'' ဟု​ဆို​၏။

မိုး​မ​လင်း​မီ​သူ​တို့​အား​တစ်​ယောက်​မ​ကျန် ငါ​မ​သတ်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။''

ထို​အ​ခါ​ရှော​လု​က``ဤ​အ​မှု​ကို​ပြု​သည့် အ​တွက်​သင်​အ​ပြစ်​ဒဏ်​မ​သင့်​စေ​ရ​ပါ​ဟု အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​က​တိ​ပြု​ပါ​၏'' ဟု​ဆို​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ