သူငယ်မသည်လည်းမိခင်၏တိုက်တွန်းချက် အရ ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တွင်တင်၍အကျွန်ုပ်အားဤနေရာ တွင်ပင်ပေးတော်မူပါ'' ဟုတောင်းလျှောက်၏။
ထာဝရဘုရား၏ပရောဖက်များကိုယေဇ ဗေလသတ်နေသောအခါ၌ အကျွန်ုပ်သည် ပရောဖက်တစ်ရာကိုငါးဆယ်စီနှစ်စုခွဲ၍ ဂူများတွင်ဝှက်ထားကာ အစာရေစာကျွေး မွေးခဲ့ကြောင်းကိုအရှင်ကြားတော်မမူပါ သလော။-
ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
ယေဇဗေလသည်ဧလိယအား``အကယ်၍ ငါသည်နက်ဖြန်ဤအချိန်ရောက်မှ ပရောဖက် တို့အားသင်ပြုခဲ့သည့်အတိုင်းသင့်အားမပြု ပါမူ ဘုရားတို့သည်ငါ့ကိုအဆုံးစီရင်ကြ ပါစေသော'' ဟုလူလွှတ်၍ပြောကြားစေ၏။-
အာခဇိမင်း၏မယ်တော်အာသလိသည် မိမိ၏သားတော်အသတ်ခံရကြောင်း သတင်းရသည်နှင့်တစ်ပြိုင်နက် မင်းဆွေ မင်းမျိုးရှိသမျှတို့ကိုသုတ်သင်ပစ်ရန် အမိန့်ပေးလေသည်။-
အောက်ပါအတိုင်းစာရင်းပြုလုပ်ပေးအပ်လေသည်။ ပူဇော်သကာများထည့်ရန်ရွှေဖလား ၃၀ ပူဇော်သကာများထည့်ရန်ငွေဖလား ၁၀၀၀ အခြားဖလား ၂၉ ရွှေဖလားအငယ် ၃၀ ငွေဖလားအငယ် ၄၁၀ အခြားအသုံးအဆောင်များ ၁၀၀၀
အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ သူတပါးအသက်ကို စောင့်မတတ်ကြ၏။
လင်ပန်းပေါ်တွင်တင်၍သူငယ်မအားပေးစေ တော်မူ၏။ သူငယ်မသည်လည်းထိုဦးခေါင်းကို မိခင်ထံသို့ယူဆောင်သွား၏။-
သို့ဖြစ်၍ဟေရုဒ်သည်သူငယ်မနှစ်သက်ရာ ဆုကိုပေးမည်ဟုကျိန်ဆို၍ကတိပြု၏။
ထိုအခါမင်းကြီးသည်များစွာစိတ်မချမ်းမသာ ဖြစ်တော်မူသော်လည်းဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့်ကတိကိုထောက်၍ သူငယ်မ တောင်းလျှောက်သည့်အတိုင်းပေးစေရန်အမိန့် ချတော်မူ၏။-
သူငယ်မသည်မင်းကြီး၏ထံမှထွက်သွားကာ မိခင်အား ``ကျွန်မသည်အဘယ်အရာကို တောင်းခံရပါမည်နည်း'' ဟုမေး၏။ မိခင်က ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကိုတောင်း လော့'' ဟုဆို၏။
သူငယ်မသည်ချက်ချင်းပင်မင်းကြီး၏ထံသို့ အလျင်အမြန်ဝင်ပြီးလျှင် ``ဗတ္တိဇံဆရာ ယောဟန်၏ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင် ၍ ယခုပင်ပေးတော်မူပါ'' ဟုလျှောက်၏။
ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင်၍ယူဆောင် လာပြီးနောက် သူငယ်မအားပေး၏။ သူငယ်မ သည်လည်းမိခင်အားတစ်ဆင့်ပေး၏။-