Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 12:39

Common Language Bible

ကိုယ်​တော်​က ``ဆိုး​ညစ်​၍​ဘု​ရား​မဲ့​သော​ဤ​ခေတ် လူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​ပါ သည်​တ​ကား။ သင်​တို့​သည်​ယော​န​၏​နိ​မိတ်​လက္ခ ဏာ​မှ​တစ်​ပါး အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​မြောက်​သို့​လား​သော်​ဟာမတ်​တောင်​ကြား လမ်း၊ တောင်​သို့​လား​သော်​ပင်​လယ်​သေ​တိုင်​အောင် ယ​ခင်​အ​ခါ​က​ဣသ​ရေ​လ​ပြည်​၏​ပိုင်​နက်​နယ် မြေ​မှန်​သ​မျှ​တို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။ ဤ​ကား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် မိ​မိ​၏​ကျွန်​တော် ရင်း၊ ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိတ္တဲ​၏​သား​ပရော​ဖက် ယော​န​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ပင်​ဖြစ်​သ​တည်း။

အ​ချင်း​ဆိုး​ညစ်​၍​အ​ပြစ်​ကူး​သူ​တို့၊ တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရန်​ဤ​အ​ရပ်​သို့​လာ​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ ပြည့်​တန်​ဆာ​များ၊ စုန်း​အ​တတ်​ပ​ညာ သည်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​၏။-

တစ်​နေ့​သ​၌​အ​မိတ္တဲ​၏​သား​ယော​န​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​၏။-

ဤ​ခေတ်​လူ​တို့​သည်​အ​လွန်​ဆိုး​ညစ်​၍​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​ကြ​ပါ​သည် တ​ကား။ သင်​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​မျှ​သင်​တို့ တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက် ခွာ​သွား​တော်​မူ​၏။

ကိုယ်​တော်​သည်​သက်​ပြင်း​ချ​တော်​မူ​ပြီး​လျှင် ``ယ​ခု ခေတ်​လူ​တို့​သည်​အ​ဘယ်​ကြောင့်​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​သ​နည်း။ အ​မှန်​အ​ကန်​ငါ​ဆို​သည် ကား ဤ​သူ​တို့​အား​ထို​သို့​သော​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

ဘု​ရား​တ​ရား​မဲ့​၍​ဆိုး​သွမ်း​သော​ဤ​ခေတ်​ဤ အ​ခါ​၌ မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါ​ဒ ကြောင့်​ရှက်​လျှင် လူ​သား​သည်​လည်း​ခ​မည်း​တော် ၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​၍​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​ကြွ​လာ​သော​အ​ခါ ထို​သူ​ကြောင့်​ရှက်​တော်​မူ​လ​တ္တံ့'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။

သင်​တို့​သည်​သစ္စာ​မဲ့​သူ​များ​ပါ​တ​ကား။ လော​က နှင့်​မိတ်​ဖွဲ့​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ရန်​ဘက်​ပြု​သူ​များ​ဖြစ်​သည်​ကို သင်​တို့​မ​သိ နား​မ​လည်​ကြ​သ​လော။ လော​က​၏​မိတ်​ဆွေ ဖြစ်​လို​သူ​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ