အချို့သောကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ က ``ဆရာတော်၊ အကျွန်ုပ်တို့အားနိမိတ်လက္ခဏာ တစ်ခုကိုပြတော်မူပါ'' ဟုလျှောက်ထားကြ၏။
သင်တို့အပြစ်ဒဏ်ခံထိုက်သည်မခံထိုက်သည် ကိုသင်တို့ပြောဆိုသည့်စကားများအရ ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
အချို့ကကိုယ်တော်အားပရိယာယ်ဆင် ၍ ``ကောင်းကင်မှနိမိတ်လက္ခဏာတစ်ရပ် ကိုပြတော်မူပါ'' ဟုတောင်းခံကြ၏။-
လူပရိသတ်တို့သည်စုရုံးလျက်နေကြစဉ် ကိုယ်တော်က ``ယခုခေတ်လူတို့သည်အလွန် ဆိုးညစ်လှပါသည်တကား။ သူတို့သည်နိမိတ် လက္ခဏာကိုတောင်းဆိုကြ၏။ သို့ရာတွင်ယောန ၏နိမိတ်လက္ခဏာမှတစ်ပါးအဘယ်နိမိတ် လက္ခဏာကိုမျှသူတို့အားပြလိမ့်မည်မဟုတ်။-
ယုဒအာဏာပိုင်တို့က ``သင်သည်ဤအမှု အရာများကိုပြုလုပ်ပိုင်ကြောင်းသိသာ စေရန် ငါတို့အားအဘယ်နိမိတ်လက္ခဏာ ကိုပြပါမည်နည်း'' ဟုဆိုကြ၏။
သခင်ယေရှုက ``သင်တို့သည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုမတွေ့မမြင်ရလျှင် ယုံကြည်ကြမည်မဟုတ်'' ဟုမိန့်တော်မူ၏။
ထိုသူတို့က ``အရှင့်အားအကျွန်ုပ်တို့ယုံကြည်နိုင် ကြစေရန် အဘယ်အံ့သြဖွယ်နိမိတ်လက္ခဏာကို ပြတော်မူပါမည်နည်း။ အရှင်အဘယ်အမှုကို လုပ်ဆောင်တော်မူမည်နည်း။-
ယုဒအမျိုးသားတို့ကနိမိတ်လက္ခဏာများ ကိုတောင်းခံကြ၏။ ဂရိအမျိုးသားတို့က ဉာဏ်ပညာကိုရှာဖွေကြ၏။-