Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 12:26

Common Language Bible

သို့​ဖြစ်​၍​စာ​တန်​၏​အုပ်​စိုး​မှု​ကို​ဝန်​ခံ​သူ​တို့ သည်​အ​ချင်း​ချင်း​တိုက်​ခိုက်​လျက်​နေ​ပါ​လျှင် သူ​၏​နိုင်​ငံ​သည်​အ​ဘယ်​သို့​တည်​တံ့​နိုင်​ပါ မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နိုင်​ငံ​တော် အ​ကြောင်း​တ​ရား​တော်​ကို​ကြား​သော်​လည်း​နား မ​လည်​သူ​တို့​နှင့်​တူ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကြဲ​ထား​သည့်​တ​ရား​တော်​မျိုး​စေ့​ကို​စာ​တန် သည်​လာ​၍​ယူ​ငင်​သွား​၏။-

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​မာရ်​နတ်၊ ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လော့။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ​လျှင်​ဝတ်​ပြု​ရှိ​ခိုး​ရ​မည်။ ထို​အ​ရှင်​၏​အ​စေ​ကို​သာ​လျှင်​ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။

ဖာ​ရိ​ရှဲ​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ကို အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ခြင်း​ဖြစ် သည်'' ဟု​ပြော​ဆို​ကြ​၏။

ဤ​လော​က​သည်​ယ​ခု​ပင်​လျှင်​တ​ရား​စီ​ရင် ခြင်း​ခံ​ရ​လေ​ပြီ။ လော​က​ကို​အ​စိုး​ရ​သူ သည်​လည်း​ယ​ခု​ပင်​နှိမ်​နင်း​ခြင်း​ခံ​ရ​ပေ တော့​မည်။-

လော​က​ကို​အ​စိုး​ရ​သူ​သည်​ရောက်​ရှိ​လာ တော့​မည်။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​စ​ကား ကြာ​ကြာ​ပြော​နိုင်​တော့​မည်​မ​ဟုတ်။ သူ​သည် ငါ့​ကို​မည်​သို့​မျှ​မ​ပြု​နိုင်။-

လော​က​ကို​အ​စိုး​ရ​သူ​သည်​တ​ရား​စီ​ရင် ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင် တော်​မူ​ခြင်း​အ​ကြောင်း​ကို​ဖော်​ပြ​မည်။''

ဤ​လော​က​ကို​အ​စိုး​ရ​သော​ဘု​ရား​သည် ထို​သူ​တို့​၏​စိတ်​ကို​အ​မှောင်​ဖြင့်​ဖုံး​အုပ်​စေ သ​ဖြင့် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​မ​ယုံ ကြ။ ထို​ဘု​ရား​ကြောင့်​ဘု​ရား​သ​ခင်​၏​ပုံ သဏ္ဌာန်​တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​အ​ကြောင်း သ​တင်း​ကောင်း မှ​ထွက်​ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​သို့​ကျ ရောက်​သည့်​အ​လင်း​ရောင်​ကို​သူ​တို့​မ​မြင် ကြ။-

ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။-

ကမ္ဘာ​လော​က​တစ်​ခု​လုံး​တွင်​မာရ်​နတ်​၏​တန်​ခိုး လွှမ်း​မိုး​လျက်​ရှိ​နေ​သော်​လည်း ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​များ​ဖြစ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။

ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​လှည့်​ဖြား​သူ​နတ် မိစ္ဆာ​ဘု​ရင်​ဟူ​၍​လည်း​ကောင်း၊ စာ​တန်​ဟူ​၍ လည်း​ကောင်း​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ​ရှေး​မြွေ န​ဂါး​ကြီး​သည် မိ​မိ​၏​ဘက်​သား​ကောင်း​ကင် တ​မန်​များ​နှင့်​အ​တူ​ကမ္ဘာ​မြေ​ပေါ်​သို့​ပစ်​ချ ခြင်း​ကို​ခံ​ရ​လေ​သည်။

ထို​နောက်​ပဉ္စမ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ​အ​မျက်​တော်​ကို​သား​ရဲ​၏​ပလ္လင်​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​သား​ရဲ​၏​နိုင်​ငံ သည်​မှောင်​အ​တိ​ဖြစ်​လေ​၏။ ထို​နိုင်​ငံ​သား​တို့ သည်​ဝေ​ဒ​နာ​ခံ​ရ​သည်​နှင့်​မိ​မိ​တို့​၏​လျှာ ကို​ကိုက်​ခဲ​ကြ​၏။-

သူ​တို့​၏​ဘု​ရင်​ကား​တွင်း​နက်​ကြီး​၏​ကောင်း​ကင် တ​မန်​ဖြစ်​၏။ သူ​၏​နာ​မည်​မှာ​ဟေ​ဗြဲ​ဘာ​သာ စ​ကား​အား​ဖြင့် အ​ဗ​န္ဒုန်​ဟူ​၍​လည်း​ကောင်း၊ ဂ​ရိ​ဘာ​သာ​အား​ဖြင့်​အ​ပေါ​လျုန်​ဟူ​၍​လည်း ကောင်း​ဖြစ်​၏။ (အ​ပေါ​လျုန်​၏​အ​နက်​မှာ``ဖျက် ဆီး​သူ'' ဟူ​၍​ဖြစ်​သ​တည်း။)




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ