Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 12:25

Common Language Bible

ထို​သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``နိုင်​ငံ​တစ်​ခု​တွင်​လူ​တို့​သည် စိတ်​ဝမ်း​ကွဲ​ပြား​လျက် အချင်း​ချင်း​တိုက်​ခိုက်​နေ​လျှင် ထို​နိုင်​ငံ​သည်​မ​ကြာ​မီ​ပျက်​စီး​လိမ့်​မည်။ ထို​နည်း တူ​လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​မြို့ သို့​မ​ဟုတ်​အိမ်​ထောင်​သည်​မ​ရပ်​မ​တည်​နိုင်​ရာ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် စိတ်​ဝမ်း​ကွဲ ပြား​လျက်​နေ​ကြ​၏။ အ​ချို့​တို့​သည်​ဂိ​နက် ၏​သား​တိ​ဗ​နိ​ကို​မင်း​မြှောက်​လို​ကြ​၏။ အ​ချို့​က​မူ​သြ​မ​ရိ​ကို​လို​လား​ကြ​၏။-

ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။

မ​နာ​ရှေ​သား​ချင်း​စု​နှင့်​ဧ​ဖ​ရိမ်​သား​ချင်း စု​သည်​အ​ပြန်​အ​လှန်​တိုက်​ခိုက်​ကြ​ပြီး​လျှင် သူ​တို့​နှစ်​ဦး​ပေါင်း​၍​ယု​ဒ​သား​ချင်း​စု​ကို တိုက်​ခိုက်​ကြ​တော့​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​တော်​မ​ပြေ​ဘဲ​အ​ပြစ် ဒဏ်​ခတ်​တော်​မူ​ရန်​လက်​တော်​ကို​ချိန်​ရွယ် လျက်​ပင်​ထား​တော်​မူ​၏။

``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​စိတ်​နေ သ​ဘော​ထား​ကို ရှာ​ဖွေ​၍​ကြည့်​တတ်​၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​လည်း​စစ်​ဆေး​၍ ကြည့်​တတ်​၏။ ငါ​သည်​လူ​အ​ပေါင်း​တို့​အား​သူ​တို့​လုပ်​ဆောင်​သည့် အ​ကျင့်​အ​ရ ထိုက်​သင့်​သည့်​အ​ကျိုး​အ​ပြစ်​ကို​ပေး​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။

တောင်​များ​ကို​တည်​၍​လေ​အ​ဟုန်​တို့​ကို ဖန်​ဆင်း​သော​အ​ရှင်​သည်​ဘု​ရား​သ​ခင်​ပင် ဖြစ်​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​ကြံ​အ​စည် တော်​တို့​ကို လူ​သား​တို့​အား​သိ​စေ​တော်​မူ​ပြီ။ နေ့​ချိန်​တာ​ကို​ည​ဦး​ယံ​အဖြစ်​သို့​ကူး​ပြောင်း စေ​ခဲ့​ပြီ။ ကမ္ဘာ​မိုး​မြေ​အ​ထွတ်​အ​ထိပ်​တွင်​အုပ်​စိုး​လျက် နေ​တော်​မူ​ပြီ။ ကိုယ်​တော်​၏​ဘွဲ့​နာ​မ​တော်​ကား​ကောင်း​ကင် ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​တွေး​တော​ပုံ​ကို​သိ မြင်​တော်​မူ​သ​ဖြင့် ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​မှား​ယွင်း​စွာ​တွေး​တော​နေ​ကြ​သ​နည်း။-

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​သည်​ကို ချက်​ချင်း​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့ သည်​အ​ဘယ်​ကြောင့်​ဤ​သို့​တွေး​တော​နေ​ကြ သ​နည်း။-

တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။-

လူ​တစ်​စုံ​တစ်​ယောက်​၏​အ​ကြောင်း​အ​လုံး​စုံ ကို ထို​လူ​အ​တွင်း​၌​ရှိ​သော​စိတ်​ဝိ​ညာဉ်​ကသာ သိ​၏။ ထို​နည်း​တူ​ဘု​ရား​သ​ခင်​၏​အ​ကြောင်း တော်​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် က​သာ​သိ​တော်​မူ​၏။-

သို့​သော်​သား​ရဲ​တိရစ္ဆာန်​အ​ချင်း​ချင်း​ကိုက်​သတ် ကြ​သ​ကဲ့​သို့ သင်​တို့​ပြု​ကြ​ပါ​လျှင် အ​ချင်း ချင်း​ဖျက်​ဆီး​ရာ​ရောက်​မည်​ဖြစ်​ကြောင်း​သ​တိ ပြု​ကြ​လော့။

ဘု​ရား​သ​ခင်​၏​မျက်​မှောက်​၌​မ​ထင်​ရှား​သော အ​ရာ​ဟူ​၍​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ။ ဖန်​ဆင်း တော်​မူ​သော​အ​ရာ​ခပ်​သိမ်း​သည်​မျက်​မှောက် တော်​၌​ထင်​ရှား​လျက်​ရှိ​၏။ ငါ​တို့​အား​လုံး သည်​မိ​မိ​တို့​ပြု​သ​မျှ​အ​တွက် ကိုယ်​တော်​၏ စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။

မြို့​ကြီး​သည်​သုံး​ပိုင်း​ကွဲ​လေ​၏။ ကမ္ဘာ​ပေါ်​ရှိ​မြို့ များ​သည်​လည်း​ပြို​ပျက်​ကုန်​၏။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​ကြီး​ကို​သ​တိ​ရ​တော်​မူ​လျက် မိ​မိ ၏​ဖ​လား​မှ​ပြင်း​ထန်​သော​အ​မျက်​တော်​တည်း​ဟူ သော​စ​ပျစ်​ရည်​ကို​သောက်​စေ​တော်​မူ​၏။-

သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ