Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 2:30

Common Language Bible

သူ​သည်​သင်​တို့​ကိုယ်​တိုင်​မ​ပေး​နိုင်​သည့်​အ​ကူ အ​ညီ​ကို ငါ့​အား​ပေး​နိုင်​အံ့​သော​ငှာ​အ​သက်​စွန့် စား​၍ ခ​ရစ်​တော်​၏​အ​မှု​တော်​ကို​သေ​လု​နီး သည်​တိုင်​အောင်​ကြိုး​ပမ်း​ထမ်း​ဆောင်​ခဲ့​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​ငါ့​အ​တွက်​သတ်​မှတ်​ထား​သည့်​အ​လုပ် တာ​ဝန်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ပေး​အပ် တော်​မူ​သည့်​အ​မှု​တော်​ကို​လည်း​ကောင်း၊ ပြီး​ဆုံး အောင်​ဆောင်​ရွက်​နိုင်​မှု​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ် သ​ဖြင့် ငါ​သည်​မိ​မိ​၏​အ​သက်​ကို​နှ​မြော ခြင်း​မ​ရှိ။ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သည့် အ​မှု​တော်​ကား ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ​ညာ ရန်​ပင်​ဖြစ်​သ​တည်း။''

သူ​တို့​သည်​ငါ​၏​အ​တွက်​သက်​စွန့်​ကြိုး​ပမ်း ဆောင်​ရွက်​ခဲ့​ကြ​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အား ငါ​တစ်​ဦး​တည်း​သာ​မ​က​လူ​မျိုး​ခြား​တို့​၏ အ​သင်း​တော်​အ​ပေါင်း​တို့​က​လည်း​ကျေး​ဇူး​တင် ကြ​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​ပုပ်​ပျက်​တတ်​သော အ​ရာ​သည်​မ​ပုပ်​မ​ပျက်​နိုင်​သော​အ​ဖြစ်​သို့ ပြောင်း​လဲ​ရ​မည်။ သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့​ပြောင်း​လဲ​ရ​မည်။-

အ​ကယ်​၍​သင်​တို့​ထံ​သို့​တိ​မော​သေ​ရောက်​ရှိ​လာ ပါ​လျှင် သူ့​အား​လှိုက်​လှဲ​စွာ​ကြို​ဆို​ဧည့်​ခံ​ကြ​လော့။ သူ​သည်​ငါ​ကဲ့​သို့​ပင်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ဆောင်​ဖြစ်​ပေ​သည်။-

သ​တေ​ဖန်၊ ဖော်​တု​နက်​နှင့်​အ​ခါ​ယ​ကု​တို့​ရောက် ရှိ​လာ​ကြ​သြဖင့်​ငါ​ဝမ်း​မြောက်​၏။ သူ​တို့​သည် သင်​တို့​၏​ကိုယ်​စား​ငါ့​အား​ပြု​စု​ပေး​ကြ​၏။-

ငါ​သည်​သင်​တို့​ကို​ကူ​ညီ​ရန်​ဝမ်း​မြောက်​စွာ မိ​မိ​၏​ဥစ္စာ​နှင့်​အား​အင်​ကို​ကုန်​ခန်း​စေ​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​မျှ​ချစ်​လျှင်​သင်​တို့ က​ငါ့​ကို​လျော့​၍​ချစ်​ကြ​မည်​လော။

သို့​ဖြစ်​၍​ငါ​တို့​တွင်​သေ​ခြင်း​တ​ရား​သည် ရှင်​သန်​လျက်​ရှိ​သော်​လည်း သင်​တို့​တွင်​မူ ကား​အ​သက်​ရှင်​ခြင်း​တ​ရား​သည်​ရှင်​သန် လျက်​ရှိ​ပေ​သည်။

သင်​တို့​၏​ယုံ​ကြည်​ခြင်း​က​ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​ပေါ်​တွင် ငါ​၏​အ​သက်​သွေး​ကို သွန်း​လောင်း​ရ​မည်​ဆို​လျှင် ငါ​သည်​ဝမ်း​မြောက် လျက်​သင်​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​သည်။-

သူ​သည်​အ​မှန်​ပင်​သေ​လု​နီး​ပါး​ဖျား​နာ​ခဲ့​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​သ​နား တော်​မူ​လေ​ပြီ။ သူ့​ကို​သာ​လျှင်​သ​နား​တော် မူ​သည်​မ​ဟုတ်။ ငါ့​အား​လည်း​ထပ်​ဆင့်​ဝမ်း နည်း​မှု​နှင့်​မ​ကြုံ​တွေ့​စေ​ရန်​သ​နား​တော်​မူ​၏။-

ဤ​မျှအ​ချိန်​ကာ​လ​ကြာ​ညောင်း​ပြီး​မှ​သင်​တို့ သည် ငါ့​အား​မိ​မိ​တို့​၏​မေတ္တာ​စေ​တ​နာ​ကို​တစ် ဖန်​ပြန်​၍​ပြ​သ​ကြ​သည့်​အ​တွက် ငါ​သည် သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ တစ်​ဦး​အ​နေ​ဖြင့်​အ​လွန်​ပင်​ဝမ်း​မြောက်​ပါ​၏။ ယ​ခင်​အ​ခါ​က​သင်​တို့​သည်​ငါ​၏​အ​ပေါ် တွင်​မေတ္တာ​စေ​တ​နာ​မ​ထား​ဘဲ​နေ​ခဲ့​ကြ သည်​ဟု​ငါ​မ​ဆို​လို​ပါ။ ထို​မေတ္တာ​စေ​တ​နာ ကို​ပြ​သ​နိုင်​ခွင့်​မ​ရ​ခဲ့​ကြောင်း​ကို​သာ ဆို​လို​ပါ​၏။-

သင်​တို့​ပေး​ပို့​လိုက်​သော​အ​လှူ​ပ​စ္စည်း​အား လုံး​ကို​ရ​ရှိ​ကြောင်း ဤ​တွင်​ဖော်​ပြ​ပါ​သည်။ ထို​အ​လှူ​ပ​စ္စည်း​များ​ကို​ဧ​ပ​ဖြော​ဒိတ်​ယူ လာ​ပေး​သ​ဖြင့် ငါ​လို​သ​မျှ​ရ​ရှိ​ပေ​ပြီ။ ထို အ​ရာ​တို့​သည်​မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ၊ ဘု​ရား​သ​ခင်​လက်​ခံ​နှစ်​သက်​တော်​မူ သော​ယဇ်​ကဲ့​သို့​ဖြစ်​ပါ​၏။-

ငါ​သည်​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ မှု​ကြောင့် အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​တွင် သင်​၏​ကိုယ်​စား​ငါ့​အား​ကူ​ညီ​စေ​ရန်​သူ့​ကို ခေါ်​ထား​လို​ပါ​သည်။-

ငါ​တို့​၏​ညီ​အစ်​ကို​များ​သည်​သိုး​သူ​ငယ် တော်​၏​သွေး​တော်​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ တို့​ဟော​ပြော​ကြေ​ညာ​သည့်​နှုတ်​က​ပတ် တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း​စာ​တန် ကို​အောင်​မြင်​ခဲ့​ကြ​၏။ သူ​တို့​သည်​အ​သေ ခံ​သည်​တိုင်​အောင်​မိ​မိ​တို့​အ​သက်​ကို မ​နှ​မြော​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ