Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 2:29

Common Language Bible

သင်​တို့​သည်​သူ့​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တစ်​ဦး အ​နေ​ဖြင့်​ဝမ်း​မြောက်​စွာ​ကြို​ဆို​ကြ​လော့။ ထို​သို့ သော​သူ​တို့​ကို​ရို​သေ​လေး​စား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ငြိမ်း​ချမ်း​ရေး​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို ယူ​ဆောင်​လာ​သူ၊စေ​တ​မန်​တစ်​ဦး တောင်​ရိုး​ကို​ဖြတ်​ကျော်​နေ​သည်​ကို​တွေ့​မြင်​ရ​ပုံ​မှာ ကျက်​သ​ရေ​ရှိ​လှ​ပါ​သည်​တ​ကား။ ထို​စေ​တ​မန်​သည်​ကယ်​တင်​ခြင်း​သ​တင်း​ကို ကြေ​ညာ​လျက်၊ ဇိ​အုန်​မြို့​အား``သင်​၏​ဘု​ရား​သ​ခင်​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု​ဆို​၏။

သင်​တို့​အား​လက်​မ​ခံ​သူ​များ​ကို​မူ​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ထို​မြို့​မှ​ထွက်​ခွာ​ချိန်​၌ သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။

အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​စေ​လွှတ်​သော​သူ​ကို​လက်​ခံ​သူ​သည်​ငါ့ ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် စု​ဝေး​ကြ​၏။ မိ​မိ​တို့​အိမ်​များ​တွင်​နှိမ့်​ချ သော​စိတ်​ဖြင့်​ဝမ်း​မြောက်​စွာ​အ​တူ​တ​ကွ အ​စာ​အာ​ဟာ​ရ​ကို​သုံး​ဆောင်​ကြ​၏။-

သူ​တို့​သည်​ကျွန်ုပ်​တို့​အား​လက်​ဆောင်​များ​ပေး ကြ​၏။ ကျွန်ုပ်​တို့​ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​၌ လည်း​လို​အပ်​သည့်​စား​နပ်​ရိက္ခာ​များ​ကို သင်္ဘော​ပေါ်​သို့​ပို့​ပေး​ကြ​၏။

သို့​ဖြစ်​၍​ထို​မြို့​သူ​မြို့​သား​တို့​သည်​လွန်​စွာ ဝမ်း​မြောက်​ကြ​၏။

ဟော​ပြော​ကြေ​ညာ​သူ​များ​ကို​မ​စေ​လွှတ် လျှင် အ​ဘယ်​သို့​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြေ​ညာ​နိုင်​မည်​နည်း။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း``သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​သူ​တို့​၏​ခြေ​တို့​သည် လွန်​စွာ​တင့်​တယ်​စွ​တ​ကား။-''

သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ချင်း​ချင်း​အား​လက်​ခံ​သင့်​သည်​အ​တိုင်း​သ​ခင် ဘု​ရား​ကို​ထောက်​၍​သူ့​အား​လက်​ခံ​ကြ​လော့။ အ​ကူ​အ​ညီ​လို​အပ်​သည့်​အ​မှု​ကိစ္စ​၌​သူ့​အား ကူ​ညီ​မ​စ​ကြ​လော့။ သူ​သည်​လူ​အ​မြောက်​အ​မြား ကို​ကူ​ညီ​မ​စ​ခဲ့​သူ​ဖြစ်​ပေ​သည်။ ငါ့​ကို​လည်း ကူ​ညီ​မ​စ​ခဲ့​၏။

အ​ကယ်​၍​သင်​တို့​ထံ​သို့​တိ​မော​သေ​ရောက်​ရှိ​လာ ပါ​လျှင် သူ့​အား​လှိုက်​လှဲ​စွာ​ကြို​ဆို​ဧည့်​ခံ​ကြ​လော့။ သူ​သည်​ငါ​ကဲ့​သို့​ပင်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ဆောင်​ဖြစ်​ပေ​သည်။-

သူ​တို့​သည်​သင်​တို့​၏​စိတ်​ကို​ရွှင်​လန်း​စေ​သ​ကဲ့​သို့ ငါ​၏​စိတ်​ကို​လည်း​ရွှင်​လန်း​စေ​၏။ ထို​သို့​သော​သူ တို့​သည်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​ခံ​ထိုက်​ကြ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​သော​သူ​ဟူ​သည်​မှာ မိ​မိ​ကိုယ်​ကို​ချီး မြှောက်​သော​သူ​မ​ဟုတ်။ ကိုယ်​တော်​က​ချီး​မြှောက် တော်​မူ​သော​သူ​ဖြစ်​သော​ကြောင့်​တည်း။

ငါ​တို့​အား​သင်​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​ထား​ကြ လော့။ ငါ​တို့​သည်​အ​ဘယ်​သူ့​ကို​မျှ​မ​ပြစ်​မှား​ခဲ့။ မည်​သူ့​ကို​မျှ​အ​ကျိုး​နည်း​အောင်​မ​ပြု​ခဲ့။ မည်​သူ့​အ​ပေါ်​တွင်​မျှ​အ​ခွင့်​ကောင်း​ကို​မ​ယူ​ခဲ့။-

ထို့​ကြောင့်​သင်​တို့​သည်​သူ့​ကို​တစ်​ဖန်​တွေ့​မြင်​ရ သ​ဖြင့်​ဝမ်း​မြောက်​ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ ၏​ဝမ်း​နည်း​မှု​ကို​လည်း​ပ​ပျောက်​သွား​စေ​ရန် လည်း​ကောင်း​သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ် ရန်​ငါ​ပို​၍​စိတ်​အား​ထက်​သန်​လျက်​ရှိ​၏။-

ငါ​တို့​နှင့်​အ​တူ​အ​ကျဉ်း​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု၊ ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​တော်​သူ​မာ​ကု​နှင့်​ယုတ္တု ခေါ်​ယော​ရှု​တို့​က​သင်​တို့​ကို​နှုတ်​ဆက်​လိုက် ကြ​၏။ (သင်​တို့​ထံ​မာ​ကု​ရောက်​ရှိ​လာ​သော အ​ခါ ကြို​ဆို​ကြ​ရန်​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ကြ​ပြီး​ဖြစ်​၏။) ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​တွက်​ငါ​နှင့်​အ​တူ​လုပ်​ဆောင် လျက်​ရှိ​သော​ယု​ဒ​ယုံ​ကြည်​သူ​များ​မှာ ထို​သူ​သုံး​ဦး​သာ​လျှင်​ဖြစ်​ပေ​သည်။ ဤ​သူ တို့​သည်​ကား​ငါ့​အား​များ​စွာ​ကူ​ညီ​ကြ သူ​များ​ဖြစ်​သည်။

ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​တွင်​အ​မှု​တော်​ကို ဆောင်​ရွက်​နေ​သော၊ သင်​တို့​အား​လမ်း​ပြ​သွန် သင်​ရန် သ​ခင်​ဘု​ရား​ခန့်​ထား​တော်​မူ​သော သူ​များ​ကို​ကြည်​ညို​လေး​စား​ကြ​ရန်​ငါ​တို့ တိုက်​တွန်း​၏။-

သင်း​အုပ်​ဆ​ရာ​အ​လုပ်​ကို​ကောင်း​စွာ​လုပ်​ဆောင် သူ​တို့​သည် လ​စာ​ငွေ​နှစ်​ဆ​ခံ​စား​ထိုက်​သူ​များ ဖြစ်​သည်​ဟု​မှတ်​ယူ​အပ်​၏။ အ​ထူး​သ​ဖြင့် တ​ရား​ဟော​ခြင်း၊ ဆုံး​မ​သွန်​သင်​ခြင်း​တို့​ကို ကြိုး​စား​၍​လုပ်​ဆောင်​သူ​များ​သည်​ယင်း​သို့ ခံ​စား​ထိုက်​ပေ​သည်။-

သင်​တို့​ခေါင်း​ဆောင်​များ​၏​စ​ကား​ကို​နား ထောင်​ကြ​လော့။ သူ​တို့​ပြော​သည့်​အ​တိုင်း​ပြု ကြ​လော့။ သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​အ​မှု ကို​ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ရ​မည် ဖြစ်​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​နေ့​ရော​ည ပါ​ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​ကြ​ပေ သည်။ သင်​တို့​သည်​သူ​တို့​စ​ကား​ကို​နား ထောင်​ပါ​လျှင် သူ​တို့​ရွှင်​လန်း​ဝမ်း​မြောက် စွာ​လုပ်​ဆောင်​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင် သူ​တို့​ဝမ်း​နည်း​ရ​ကြ​သ​ဖြင့်​သင်​တို့ တွင်​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ​လိမ့်​မည် မ​ဟုတ်။

သို့​ဖြစ်​၍​ငါ​လာ​သော​အ​ခါ​မှ​သူ​ပြု​သ​မျှ သော​အ​မှု​တို့​ကို​ထုတ်​ဖော်​ပြော​ဆို​မည်။ သူ သည်​ငါ​တို့​အား​မ​လို​မုန်း​ထား​စွပ်​စွဲ​ပြော ဆို​၏။ ဤ​မျှ​နှင့်​မ​ကျေ​နပ်​သေး​ဘဲ​သူ​ကိုယ် တိုင်​ပင်​လျှင် ညီ​အစ်​ကို​များ​ကို​လက်​မ​ခံ၊ လက်​ခံ​လို​သူ​များ​အား​လည်း​တား​မြစ် လျက်​အ​သင်း​တော်​မှ​နှင်​ထုတ်​ရန်​ကြိုး စား​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ