Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 9:23

Common Language Bible

ကိုယ်​တော်​သည်​သူ​တို့​အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား​သည့် သား​သ​မီး​များ​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ ထို​နောက်​သူ​တို့​ဘိုး​ဘေး​များ​အား ကိုယ်​တော်​က​တိ​ထား​တော်​မူ​သော​ပြည်​တော်​ကို သိမ်း​ပိုက်​စေ​ကာ​ထို​ပြည်​တွင်​နေ​ထိုင်​စေ​တော် မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ဤ​တိုင်း​ပြည်​ကို​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ အာ​ဗြံ​သည်​သူ့​အား​ကိုယ်​ထင်​ပြ​သော​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။-

ထို​အ​ချိန်​ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​က၊-

အာ​ဗြံ​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လျက်``မိုး​ကောင်း ကင်​ကို​မော်​ကြည့်​၍​ကြယ်​များ​ကို​ရေ​တွက်​လော့။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ထို​မျှ​လောက်​များ ပြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။

ယ​ခု​သင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင် ရ​သော ဤ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ပေး​မည်။ ခါ​နာန်​ပြည်​တစ်​ပြည်​လုံး ကို သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ် အ​ပိုင်​ပေး​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား ဖြစ်​မည်'' ဟု​မိန့်​တော်​မူ​၏။

သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-

ယ​ခု​ဤ​ပြည်​၌​နေ​လော့။ ငါ​သည်​သင်​နှင့် အ​တူ​ရှိ​၍​ကောင်း​ချီး​ပေး​မည်။ ဤ​ဒေ​သ​အား လုံး​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား ငါ​ပေး​မည်။ သင်​၏​အ​ဖ​အာ​ဗြ​ဟံ​အား​ငါ ထား​သော​က​တိ​အ​တိုင်း​ငါ​ပြု​မည်။-

ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​ပြည်​သား​တို့ အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား စေ​တော်​မူ​မည်​ဟု​က​တိ​တော်​ရှိ​သ​ဖြင့် ဒါ​ဝိဒ်​မင်း​သည်​အသက်​နှစ်​ဆယ်​အောက်​ရှိ သူ​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ တော်​မ​မူ။-

သို့​သော်​လည်း​အီ​ဂျစ်​ပြည်​သား​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လေ၊ သူ​တို့​၏​လူ​ဦး​ရေ​တိုး​ပွား​ပျံ့​နှံ့​လာ​လေ​ဖြစ်​၏။ အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့​လာ​ကြ​၏။-

သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​၍ အ​လွန်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊ တစ်​တိုင်း​တစ်​ပြည်​လုံး​တွင်​အ​နှံ့​အ​ပြား​နေ​ထိုင်​ကြ​လေ​သည်။

သင်​တို့​သည်​မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ ကဲ့​သို့ အ​ရေ​အ​တွက်​များ​ပြား​ကြ​သော် လည်း ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​မ​နာ​ခံ​သော​ကြောင့် လူ နည်း​စု​မျှ​လောက်​သာ​အ​သက်​ရှင်​၍​ကြွင်း ကျန်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ