နေဟမိ 9:22Common Language Bible``ကိုယ်တော်သည်သူတို့အားမိမိတို့နယ် စပ်တွင် ရှိသောနိုင်ငံများနှင့်၊ လူမျိုးများကိုနှိမ်နင်းခွင့်ပေးတော်မူပါ၏။ သူတို့သည်ရှိဟုန်မင်းအစိုးရသည့် ဟေရှဘုန်ပြည်ကိုလည်းကောင်း သြဃမင်းအစိုးရသည့်ဗာရှန်ပြည်ကို လည်းကောင်း သိမ်းပိုက်ကြပါ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူတို့သည်ဤပြည်ကိုဝင်ရောက် သိမ်းပိုက်ရကြသောအခါ ကိုယ်တော်ရှင် ၏အမိန့်တော်များကိုမလိုက်နာကြပါ။ သြဝါဒတော်တို့ကိုလည်းမကျင့်သုံး ကြပါ။ ကိုယ်တော်ရှင်ခိုင်းစေသည့်အမှု တစ်စုံတစ်ခုကိုမျှမပြုမလုပ်ကြပါ။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤဘေး အန္တရာယ်ဆိုးကိုသူတို့အပေါ်သို့သက် ရောက်စေတော်မူပါ၏။
ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။-
ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။