Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 3:30

Common Language Bible

ရှေ​လ​မိ​၏​သား​ဟာ​န​နိ​နှင့်​ဇာ​လပ်​၏​ဆ​ဋ္ဌ မ​သား​ဟာ​နုန်​တို့​သည် ဒု​တိ​ယ​အ​ကြိမ်​မြို့ ရိုး​နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၏။ နောက်​တစ်​ပိုင်း​ကို​ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ သည် မိ​မိ​၏​အိမ်​ရှေ့​တွင်​တည်​ဆောက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​ရှေ​လ​မိ၊ ပ​ညတ် ကျမ်း​တတ်​မြောက်​သူ​ဇာ​ဒုတ်​နှင့်​လေ​ဝိ​အ​နွယ် ဝင်​ပေ​ဒါ​ယ​တို့​အား​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း များ​အ​ဖြစ်​ခန့်​ထား​၏။ မ​ဿ​နိ​၏​မြေး၊ ဇက္ကု​ရ ၏​သား​ဟာ​နန်​အား​ထို​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ခန့်​ထား​၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့ ၏​လုပ်​ဖော်​ဆောင်​ဘက်​များ​အား​သစ္စာ​ရှိ​စွာ ရိက္ခာ​ဖြန့်​ဖြူး​ပေး​မည့်​သူ​များ​ဖြစ်​ကြောင်း ငါ​စိတ်​ချ​ယုံ​ကြည်​၏။

ဣ​မေ​ရ​၏​သား​ဇာ​ဒုတ်​သည် မိ​မိ​၏​အိမ်​ရှေ့​၌ နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​၏။ ထို​နောက်​ရှေ​က​နိ​၏​သား၊ အ​ရှေ့​တံ​ခါး​မှူး ရှေ​မာ​ယ​သည် မြို့​ရိုး​တစ်​ပိုင်း​ကို​ဆက်​လက် တည်​ဆောက်​၏။

ပန်း​ထိမ်​သ​မား​မာ​လ​ခိ​သည်​နောက်​တစ်​ပိုင်း ကို​ဗိ​မာန်​တော်​မိ​ဖ​ကဒ်​တံ​ခါး​နှင့် မြို့​ရိုး​၏ အ​ရှေ့​မြောက်​ထောင့်​ထိပ်​တွင်​ရှိ​သော​အ​ခန်း အ​နီး၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​နှင့် ကုန်​သည်​တို့​အ​သုံး​ပြု​ရာ​အ​ဆောက်​အ​အုံ တိုင်​အောင်​တည်​ဆောက်​၏။

မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဟက္ကု​၏​မြေး၊ ဥ​ရိ​ယ​၏​သား​မေ​ရ​မုတ်​တည်​ဆောက်​၍၊ နောက်​ထပ်​တစ်​ပိုင်း​ကို​မေ​ရှ​ဇ​ဗေ​လ​၏​မြေး၊ ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ​တည်​ဆောက်​လေ သည်။ နောက်​တစ်​ပိုင်း​ကို​ဗာ​နာ​၏​သား​ဇာ​ဒုတ် တည်​ဆောက်​၏။

သူ​သည်​အာ​ရာ​၏​သား၊ရှေ​က​နိ​၏​သ​မက် ဖြစ်​သ​ဖြင့် ယု​ဒ​အ​မျိုး​သား​အ​မြောက် အ​မြား​ပင်​သူ​၏​ဘက်​သို့​ပါ​ကြ​၏။ ထို့ ပြင်​သူ​၏​သား​ယော​ဟ​နန်​သည်​ဗေ​ရ​ခိ ၏​သား၊ မေ​ရှု​လံ​၏​သ​မီး​နှင့်​အိမ်​ထောင် ကျ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ