ဣမေရ၏သားဇာဒုတ်သည် မိမိ၏အိမ်ရှေ့၌ နောက်တစ်ပိုင်းကိုတည်ဆောက်၏။ ထိုနောက်ရှေကနိ၏သား၊ အရှေ့တံခါးမှူး ရှေမာယသည် မြို့ရိုးတစ်ပိုင်းကိုဆက်လက် တည်ဆောက်၏။
ဟာနနိတွင်ပေလတိနှင့်ယေရှာယဟူ သောသားတော်နှစ်ပါးရှိ၏။ ယေရှာယ၏ သားသည်ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားကားသြဗဒိ၊ သြဗဒိ၏သားသည်ရှေခနိ တည်း။-
ထိုအခါဧလံသားချင်းစုမှယေဟေလ၏ သား ရှေကနိကဧဇရအား``အကျွန်ုပ်တို့သည် လူမျိုးခြားအမျိုးသမီးများနှင့်ထိမ်းမြား စုံဖက်ခြင်းအားဖြင့် ဘုရားသခင်ကိုသစ္စာ ဖောက်ကြပါပြီ။ သို့သော်လည်းဣသရေလ အမျိုးသားတို့အတွက် မျှော်လင့်စရာရှိ ပါသေး၏။-
နောက်တစ်ပိုင်းကိုယဇ်ပုရောဟိတ်တစ်စုက မြင်းတံခါးမှသည်မြောက်ဘက်သို့ မိမိတို့ နေအိမ်အသီးသီးရှေ့တွင်တည်ဆောက်ကြ လေသည်။
ရှေလမိ၏သားဟာနနိနှင့်ဇာလပ်၏ဆဋ္ဌ မသားဟာနုန်တို့သည် ဒုတိယအကြိမ်မြို့ ရိုးနောက်တစ်ပိုင်းကိုတည်ဆောက်ကြ၏။ နောက်တစ်ပိုင်းကိုဗေရခိ၏သားမေရှုလံ သည် မိမိ၏အိမ်ရှေ့တွင်တည်ဆောက်လေသည်။
အိုးကွဲမြို့တံခါးကိုဖြတ်၍ပင်ဟိန္နုံချိုင့်ဝှမ်း သို့သွားရောက်ရန်မှာကြားတော်မူ၏။ ထိုအရပ် တွင် ငါသည်ထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကိုဆင့်ဆိုရန်ဖြစ်၏။-