နေဟမိ 11:23Common Language Bibleသားချင်းစုတို့သည်ဗိမာန်တော်တွင်သီဆို တီးမှုတ်မှုကို နေ့စဉ်အဘယ်သို့အလှည့် ကျဦးဆောင်ရကြမည်ကိုဖော်ပြသည့် ဘုရင့်ညွှန်ကြားချက်များရှိ၏။ အခန်းကိုကြည့်ပါ။ |
လေဝိအိမ်ထောင်စုအချို့တို့သည်ဗိမာန် တော်တွင် ဂီတသီဆိုတီးမှုတ်မှုများကို တာဝန်ယူရကြ၏။ သူတို့၏အိမ်ထောင် ဦးစီးများသည်နေ့ရောညည့်ပါလုပ်ဆောင် ရန်လိုအပ်သဖြင့် ဗိမာန်တော်အဆောက် အအုံ အချို့တို့တွင်နေထိုင်ရကြ၍ အခြားတာဝန်ဝတ္တရားများမှကင်း လွတ်ခွင့်ရရှိကြ၏။
ဇေရုဗဗေလ၏လက်ထက်နှင့်နေဟမိ၏လက်ထက်၌လည်း ဣသရေလအမျိုးသားအပေါင်းတို့သည်ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားတို့အတွက် ရိက္ခာများကိုနေ့စဉ်နေ့တိုင်းထောက်ပံ့လှူဒါန်းကြလေသည်။ ပြည်သူတို့သည်လေဝိအနွယ်ဝင်တို့အားသန့်ရှင်းသည့်အရာတို့ကိုလှူဒါန်းကြ၏။ လေဝိအနွယ်ဝင်များကလည်း ယဇ်ပုရောဟိတ်တို့အားသင့်ရာအချိုးကိုတစ်ဆင့်လှူဒါန်းကြ၏။