နေဟမိ 11:22Common Language Bibleယေရုရှလင်မြို့တွင်နေထိုင်သူလေဝိအနွယ် ဝင်တို့ကို ကွပ်ကဲအုပ်ချုပ်သူမှာဟာရှဘိ၏ မြေး၊ ဗာနိ၏သားသြဇိဖြစ်၏။ သူ၏ဘိုးဘေး များတွင်မဿနိနှင့်မိက္ခာတို့ပါဝင်၏။ သူသည် ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုဆိုင်ရာဂီတ တာဝန်ခံဖြစ်သည့်အာသပ်သားချင်းစု ဝင်ဖြစ်ပေသည်။- အခန်းကိုကြည့်ပါ။ |
ငါသည်ယဇ်ပုရောဟိတ်ရှေလမိ၊ ပညတ် ကျမ်းတတ်မြောက်သူဇာဒုတ်နှင့်လေဝိအနွယ် ဝင်ပေဒါယတို့အားတာဝန်ခံပစ္စည်းထိန်း များအဖြစ်ခန့်ထား၏။ မဿနိ၏မြေး၊ ဇက္ကုရ ၏သားဟာနန်အားထိုသူတို့၏လက်ထောက် အဖြစ်ခန့်ထား၏။ ဤသူတို့သည်မိမိတို့ ၏လုပ်ဖော်ဆောင်ဘက်များအားသစ္စာရှိစွာ ရိက္ခာဖြန့်ဖြူးပေးမည့်သူများဖြစ်ကြောင်း ငါစိတ်ချယုံကြည်၏။
သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-