Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 10:38

Common Language Bible

ဤ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ကောက်​ခံ​ချိန် ၌​အာ​ရုန်​မှ​ဆင်း​သက်​သည့်​ယဇ်​ပု​ရော ဟိတ်​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် အ​တူ​ရှိ​ရ​မည်။ ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင် တို့​က​မိ​မိ​တို့​ကောက်​ခံ​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​အ​နက် ဆယ်​ပုံ​တစ်​ပုံ​ကို​ဗိ​မာန် တော်​တွင်​အ​သုံး​ပြု​ရန်​ဗိ​မာန်​တော်​ပစ္စည်း သို​လှောင်​ခန်း​သို့​ယူ​ဆောင်​သွား​ပါ မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

တံ​ခါး​မှူး​လေး​ယောက်​တို့​သည်​လေဝိ​အ​နွယ် ဝင်​များ​ဖြစ်​၍​လုံး​ဝ​တာ​ဝန်​ယူ​ရ​သည်။ ဗိ​မာန်​တော်​ရှိ​အ​ခန်း​များ​နှင့် ယင်း​တို့​တွင် သို​လှောင်​ထား​သော​ပစ္စည်း​များ​ကို​လည်း တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​ကြ​၏။-

အ​ချိန်​ကျ​လျှင်​ထင်း​အ​လှူ​ကို​လည်း​ကောင်း၊ ဆန်​စ​ပါး​အ​ဦး​အ​ဖျား​များ​နှင့်​အ​ဦး မှည့်​သည့်​သစ်​သီး​ပူ​ဇော်​သ​ကာ​များ​ကို လည်း​ကောင်း​ယူ​ဆောင်​လာ​ကြ​စေ​ရန်​စီ​မံ​၏။ အို ဘု​ရား​သ​ခင်​ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို သ​တိ​ရ​တော်​မူ​၍​အ​ကျွန်ုပ်​အား​ကျေး​ဇူး ပြု​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး​၏။

မြေ​ယာ​မှ​ထွက်​သော​အ​သီး​အ​နှံ သို့​မ​ဟုတ် သစ်​သီး​ဆယ်​ပုံ​တစ်​ပုံ​သည် ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။-

ထို​ပြည်​မှ​ထွက်​သော​သီး​နှံ​ကို​စား​သုံး​ကြ သော​အ​ခါ အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။-

သင်​တို့​ဖုတ်​သော​မုန့်​မှ​ဤ​အ​ထူး​လှူ​ဖွယ် ကို​ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​ပူ​ဇော်​ဆက်​သ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က ငါ့​အား​ဆက်​သ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ထိန်း​သိမ်း​ခ​အ​ဖြစ် ငါ​ပေး​ပြီ။-

``နှစ်​စဉ်​သင်​တို့​၏​လယ်​ယာ​များ​မှ ထွက်​သ​မျှ သော​အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို သီး​သန့် ဖယ်​ထား​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ