နေဟမိ 10:37Common Language Bibleငါတို့နှစ်စဉ်အဦးအဖျားရိတ်သိမ်းရရှိ သည့်ဂျုံဆန်ဖြင့်ပြုလုပ်ထားသောမုန့်ညက်၊ အခြားပူဇော်သကာများဖြစ်သောစပျစ် ရည်၊ သံလွင်ဆီနှင့်သစ်သီးအမျိုးမျိုးတို့ ကိုဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံ သို့ယူဆောင်ခဲ့ပါမည်။ လယ်လုပ်သည့်ရွာများတွင်ဆယ်ဖို့တစ်ဖို့ အလှူကိုကောက်ခံကြသူလေဝိအနွယ် ဝင်တို့ထံသို့ ငါတို့သည်မိမိတို့လယ်ယာ ထွက်အသီးအနှံဆယ်ပုံတစ်ပုံကိုယူ ဆောင်ခဲ့ပါမည်။- အခန်းကိုကြည့်ပါ။ |
ဘောဇဉ်ပူဇော်သကာများ၊ နံ့သာပေါင်း၊ ဗိမာန်တော်အသုံးအဆောင်များမှစ၍ ယဇ်ပုရောဟိတ်များအတွက်လှူရသော အလှူများနှင့်လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည်များ၊ ဗိမာန် တော်အစောင့်တပ်သားများအတွက် ဆယ် ဖို့တစ်ဖို့ပေးလှူသောဆန်စပါး၊ စပျစ် ရည်နှင့်သံလွင်ဆီကိုသိုလှောင်ရန်အတွက် သာလျှင် အသုံးပြုသောအခန်းကြီးကို တောဘိအားအသုံးပြုခွင့်ပေးထားလေ သည်။-
ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
လူသည်ဘုရားသခင်ကိုလိမ်လည်လှည့်စား အပ်ပါသလောဟု သင်တို့အားငါမေးပါ ၏။ ဤသို့မပြုအပ်သော်လည်းသင်တို့သည် ငါ့အားလိမ်လည်လှည့်စားလျက်နေပေ သည်။ သင်တို့က`ကျွန်တော်မျိုးတို့သည် အဘယ်သို့လိမ်လည်လှည့်စားကြပါ သနည်း' ဟုဆိုပါမူဆယ်ဖို့တစ်ဖို့အလှူ နှင့်ပူဇော်သကာများဆက်သမျှဟူ၍ ဖြေရပေမည်။-